သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-08
KNPP ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အနေနဲ့ တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံ မတိုင်ခင် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ထားပေမယ့် ယုံကြည်မှုတည်ဆောက်ဖို့အတွက် ဆွေးနွေးရမယ့်အဆင့်တွေ ကျန်နေသေးတယ်လို့ KNPP ဒုတိယဥက္ကဋ္ဌ ခူးဦးရယ်က ပြောလိုက်ပါတယ်။
2018-03-08
ပြည်သူတွေရဲ့ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေကြမ်းဆိုပြီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်နေကြတဲ့ “ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း” (ငြိမ်းစုစီ)ကို မတ်လ ၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။
2018-03-07
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဘင်္ဂလားဒေရှ့်ကိုရောက်ရှိ
2018-03-07
စပါးတင်းတစ်ရာကို ငွေကျပ်ငါးသိန်းနဲ့ အခြေခံပြီး ဝယ်ယူဖို့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ မတ်လ ၆ ရက်နေ့က ကျင်းပတဲ့ “မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ” မှာ အတည်ပြု သတ်မှတ်လိုက်ပါတယ်။
2018-03-06
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းမှာ မတ်လ(၄)ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2018-03-06
မြန်မာနိုင်ငံထဲမှာ ရဟန်းတွေ ကာယကံမှု၊ ဝစီကံမှုတို့ကို ကျူးလွန်နေကြပြီး တရားမဲ့ပြုမူနေတာကြောင့် လူအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်းအကြားမှာ သွေးကွဲပြီး အမှုအခင်းဖြစ်ရတာမျိုးတွေပါရှိလာပါတယ်။
2018-03-05
အနည်းဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈ဝဝ သတ်မှတ်ဖို့ “အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ” က မတ်လ ၅ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။
2018-03-05
“၂ဝ၁၈ ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်း” ကို လွှတ်တော်က အတည်ပြုပြီးသွားရင် ၂ဝ၁၈ ဧပြီလ ၁ ရက်နေ့ကစပြီး အသက်ဝင် ကျင့်သုံးရတော့မှာပါ။
2018-03-05
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအပေါ် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတာကို ရုတ်သိမ်းပေးဖို့အတွက် ဝန်းရံတောင်းဆိုရင်း နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူမှုတွေနဲ့ ဖမ်းဆီးခံရသူတွေ၊ ဖမ်းဝရမ်းကြောင့် ထွက်ပြေးရသူတွေ ရှိခဲ့ပါတယ်။
2018-03-05
ရခိုင်ပြည်နယ် စစ်တွေမြို့က ကုလားတန်မြစ်ကမ်းစပ်မှာ ပြည်နယ်အစိုးရနဲ့ ကိုးရီးယားနိုင်ငံအခြေစိုက် BXT International Co.,Ltd တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတဲ့ “မြို့ဧရိယာတိုးချဲ့ရေးစီမံကိန်း” ကြောင့် မြစ်ကမ်းစပ်တလျှောက် နှစ်ပေါင်းများစွာ မှီခိုလုပ်ကိုင်စားသောက်လာခဲ့ကြတဲ့ ဒေသခံတွေအပေါ် ထိခိုက်မှုတွေ ရှိနေပါတယ်။
2018-03-05
ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မတ်လ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ပြီး ၄ ဦးက ကန့်ကွက်ခဲ့ပါတယ်။
2018-03-05
ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်ဆင်တင်သွင်းထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်း ၂ ရာနီးပါးက လူဦးရေ ၅ ရာဝန်းကျင်လောက် မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2018-03-03
မတ်လ ၃ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း ( ငြိမ်းစုစီ ဥပဒေကြမ်း ) က နိုင်ငံရေး လူ့အခွင့်အရေး အလုပ်သမားအခွင့် အရေး လှုပ်ရှားမူတွေအပေါ် ဘယ်လိုသက်ရောက် မှုတွေရှိလာနိုင်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး ကြမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ မဖြိုးစန္ဒာစိုး ( လက်ထောက် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ) ၊ ကိုဟန်ဇော် ( စာရေးဆရာ ၊ အတွင်းရေးမှူး Pen Myanmar ) နဲ့ မောင်ဆောင်းခ ( ကဗျာဆရာ ) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2018-03-03
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ မြေယာ အရေးကိစ္စရပ်တွေကြောင့် တောင်သူတွေ တရားရင်ဆိုင်ရတာတွေဟာ အရင်အစိုးရလက်ထက်မှာထက် ပိုများနေတယ်လို့ မန္တလေးမြို့မှာ မတ်လ ၂ ရက်နေ့က ပြုလုပ်တဲ့ ၈၇ နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်လာသူတွေက ပြောပါတယ်။
2018-03-02
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ၊ ရန်ကုန်တိုင်း လူငယ်ညီလာခံ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန် ကမာရွတ်မြို့နယ် ယုဒဿန်ခန်းမမှာ မတ်လ ၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။