သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့အခါ ပုဒ်မ ၅၉(စ)ကို လက်ရှိအတိုင်းထားပြီး မပြင်ဆင်ဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အား ၅၀၀ လောက်က ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2019-03-11
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးက ညောင်ကျေးရွာမှာ မနေ့က ၂ နာရီကြာ မီးလောင်မှုကြောင့် လူပေါင်း ၄၀၀ ကျော် အိုးအိမ်မဲ့ဖြစ်နေပါတယ်။
2019-03-11
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ကရင်နီ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ ဒီလအတွင်း တရားဝင်တေ့ွဆုံဆွေးနွေးဖို့ ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲကနေ သဘောတူညီမှု ရရှိခဲ့ပါတယ်။
2019-03-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် နဲ့ အပစ်ရပ် ၁၀ ဖွဲ့တို့ ဒီကနေ့ အလွတ်သဘောတွေ့ဆုံရာမှာ NCA စာချုပ်မှာ ပါဝင်တဲ့ သဘော တူညီချက်အရ NCA လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အချက် ၃ ချက်ကို ဘုံတူညီချက်အဖြစ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး NCA အပစ်ရပ် လက်မှတ် မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့လုံး ပူးပေါင်း ပါဝင် လာနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2019-03-09
မြန်မာတနိုင်ငံလုံးမှာ ကလေးဦးရေ စုစုပေါင်း ၁၂ သန်းခွဲလောက် ရှိတဲ့အထဲက ကအသက် ၁၈ နှစ်မပြည့်ဘဲ လုပ်ငန်းခွင်အသီးသီးကို ရောက်နေတဲ့ ကလေးအလုပ်သမားဦးရေ ၄ သန်းကျော် ရှိနေပါတယ်။
2019-03-09
ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ရာကျော် နုတ်ထွက်ခဲ့မှုကြောင့် နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသမှာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာ စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။
2019-03-08
KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
2019-03-08
၂ဝဝ၈ ဖွဲစည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ကိုယ်စားလှယ် ၁၆ ဦးက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2019-03-08
မကြာသေးခင်က အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ကို 7 Day News ဂျာနယ်က နှစ်စဉ်ရွေးချယ်ချီးမြှင့်တဲ့ 7 day သူရဲကောင်းဆု ပေးအပ်လိုက်ပါတယ်။ မတ်လ ၇ ရက်နေ့မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ချီးမြှင့်ငွေ သိန်း ၆ဝ ကျော် ပေးအပ်ခဲ့ပါတယ်။
2019-03-07
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂ဝ၁၉ ခုနှစ်အတွက် “နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု” ချီးမြင့်ရာမှာ မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော်ကညောဖောလည်း ရရှိသွားပါတယ်။
2019-03-07
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးဟာ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်တာဝန်ကနေ ဒီကနေ့ နုတ်ထွက်လိုက်ပါတယ်။
2019-03-06
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြား ရှိနေပါတယ်။ ပလောင်တိုင်းရင်းသားအများစု နေထိုင်တဲ့ မန်အောင်ကျေးရွာမှာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဝါး ဖြတ်တဲ့စခန်းတစ်ခု တည်ထောင်ထားပါတယ်။
2019-03-06
တရုတ်နိုင်ငံသားတွေ လာရောက်စိုက်ပျိုးနေတဲ့ တစ်ရှူးငှက်ပျော စိုက်ခင်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ဒေသခံတောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ဗန်းမော်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေ ဒီကနေ့ မြစ်ကြီးနားမြို့ မန္တလေးကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-03-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးကို ပြန်လွှတ်ပေးဖို့ နှုတ်ထွက်ခွင့်တင်ပြထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2019-03-06
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတင်နိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့က ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် အလွတ်သဘော ပြန်လည်စတင် ဆွေးနွေးကြမယ်လို့ သိရပါတယ်။