သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-11
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ "ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ" နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2017-04-11
NLD ပါတီဦးဆောင်တဲ့ အစိုးရသစ်တနှစ်ပြည့်အနေနဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဧပြီလ ၁၀ရက်နေ့က ဆက်လက်ကျင်းပရာ ဝန်ကြီးဌာန ၄ ခုက တနှစ်အတွင်း ဆောင်ရွက်ချက်တွေ ကို ပူးတွဲရှင်းလင်းခဲ့ပါတယ်။
2017-04-11
ဒီနှစ်သြင်္ကန်မှာ ပထမဆုံးထည့်သွင်းကျင်းပမယ့် မန္တလေးလမ်းလျှောက်သြင်္ကန်အတွက် ကျုံးတောင်ဘက် မျက်နှာစာ တလျှောက်မှာ မဏ္ဍပ်အသေးတွေ ဆောက် လုပ်နေကြပါတယ်။
2017-04-11
မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ပဲစ,စိုက်တဲ့ရာသီမှာ မိုးရွာခဲ့ တဲ့အတွက် အခုချိန်မှာ ပဲထွက်နှုန်း ထက်ဝက်လောက် လျော့နည်းသွားတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။
2017-04-08
ဧပြီလ ၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " သြင်္ကန် သံချပ်များအကြောင်း " ဆိုတဲ့ ခေါင်း စဉ်အောက်မှာ ဦးတိုးဝင်း (ခေါင်းဆောင် - အပ္ပမာဒေန သမ္ပာဒေထ သံချပ်အဖွဲ့)၊ ကိုပိုင်ရဲသူ ( ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့) နဲ့ မရွှေမှုံ (ပုလင်းတူ ဗူးဆို့ သံချပ်အဖွဲ့) တို့က ပင်တိုင် ဆွေးနွေးကြ မှာ ဖြစ်ပါတယ်။
2017-04-08
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဒီကနေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2017-04-08
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားတဲ့ အရေးအသားတွေ အင်တာနက်လူမူကွန်ရက် စာမျက်နှာမှာ ရေးသားလို့ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ် လိုက်ပါတယ်။
2017-04-08
ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းက "ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့" ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်အရ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံမှာ တင်ပြနိုင်ဖို့ အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လူထုဆန္ဒသဘောထား လက်မှတ်တွေကို လှည့်လည်ကောက်ခံနေပါတယ်။
2017-04-07
၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲနဲ့ ဟောပြောပွဲကို ပဲခူးမြို့က ရွှေဝါထွန်းဟိုတယ်မှာ ဒီနေ့ပြုလုပ်ခဲ့ ပါတယ်။
2017-04-07
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်-၄ မှာရှိတဲ့ Good Morning ပေါင်မုန့်စက်ရုံကနေ အလုပ်ထုတ် ခံထားရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတရာလောက် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံနားမှာ ဧပြီလ ၆ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2017-04-07
လုပ်ငန်းလိုင်စင်မရှိဘဲ ခွဲစိတ်ကုသနေတဲ့ ပုဂ္ဂလိကဆေးခန်းတွေကို အရေးယူဆောင်ရွက်ဖို့ ဧပြီလ (၆) ရက်နေ့ ဒီကနေ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မေးမြန်းခဲ့ပါတယ်။
2017-04-07
အရင် မကွေးတိုင်းအစိုးရအဖွဲ့ဟောင်းက ကောက်ယူထားပြီး အစိုးရသစ်ကို လွဲှပြောင်းမပေးဘဲ ပျောက်ဆုံးနေတဲ့ ရေနံလက်ယက်တွင်းရန်ပုံငွေ ၇ ဘီလီယံကျော်ထဲ ၁. ၇ ဘီလီယံကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက် အသုံးပြု ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
2017-04-07
အင်န်အယ်လ်ဒီပါတီဦးဆောင်တဲ့အစိုးရသစ် တိုင်းပြည်တာဝန်ယူတာ တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံခြားရေး၊ လျှပ်စစ်နဲ့ စွမ်းအင်၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့ပါတယ်။
2017-04-06
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာတာ တနှစ်ပြည့်ခဲ့ပါပြီ။ တနှစ်သား NLD ပါတီ အစိုးရအပေါ် ပြည်သူတွေရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။
2017-04-06
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ တို့နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စမှာ၊ ကိုဆွေဝင်း အနေနဲ့ အဲဒီနှစ်ချက်စလုံးကို ကျူးလွန်ခြင်းမရှိဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သဘောထားမှတ်ချက် ပေးပို့လိုက်ပါတယ်။