သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-15
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ အတော်များများ ရှိနေဆဲပဲလို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ ရေးအဖွဲ့ HRW က အာရှရေးရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson က ပြောလိုက်ပါတယ်။
2016-07-14
မဘသအဖွဲ့အနေနဲ့ အာဏာရှင်စနစ်ကို အသက် သွင်းချင်တဲ့ လူပုဂ္ဂိုလ်တစ်စုရဲ့ အသုံးချတာကို မခံဘူးဆိုရင်၊ Hate Speech အမုန်းပွားစေတဲ့ စကားတွေ မပြောဘူးဆိုရင် အမျိုးသားရေး အဖွဲ့တစ်ဖွဲ့အနေနဲ့ ရေရှည် ရပ်တည်နိုင်လိမ့်မယ် လို့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြော လိုက်ပါတယ်။
2016-07-14
နေပြည်တော် တပ်ကုန်းမြို့မှာ ဖမ်းဆီးခံရပြီး တရားစွဲခံနေရတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံက သပိတ်မှောက် အလုပ်သမား ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရအနေနဲ့ ၁ဝ ရက်အတွင်း ဆောင်ရွက်မပေးဘူးဆိုရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ဇူလိုင်လ ၁၃ရက်နေ့က ပြောလိုက်ပါတယ်။
2016-07-14
ရန်ကုန်မြို့ပေါ်က စွန့်ပစ်အမှိုက်တွေ သိမ်းဆည်းရတဲ့ စည်ပင်သာယာ ဝန်ထမ်းအရေအတွက်ဟာ ၄ ထောင်လောက်သာ ရှိနေပါတယ်။
2016-07-14
ရှမ်းပြည်မြောက်ပိုင်း နောင်ချို-မြို့ရှောင်လမ်းနဲ့ဂုတ်တွင်း-လေးလမ်းသွားလုပ်ငန်းဟာ ပြည်နယ်အစိုးရရဲ့ ရက်တရာစီမံကိန်းထဲမှာ ပါဝင်ပြီး၊ လက်ရှိမှာ လမ်းအူကြောင်း ရှာဖွေပြီးစီးတဲ့အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။
2016-07-14
နိုင်ငံတကာမှာ မြန်မာလူမျိုး ဖြစ်ကြောင်း ဂုဏ်သရေရှိရှိ ဖော်ပြဖို့ဆိုရင် မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုတာ မရှိမဖြစ် လိုအပ်တယ်လို့ ကဗျာဆရာ ဇာတ်မင်းသား မန္တလေးသိန်းဇော်က ပြောလိုက်ပါတယ်။
2016-07-13
မကွေးတိုင်း တောင်တွင်းကြီးမြို့ အာဇာနည် ရင်ပြင်မှာထားရှိမယ့် ကြေးသွန်းရုပ်တုတွေကို မန္တလေး တမ္ပဝတီရပ်ကွက်ကနေ သယ်ဆောင်လာရာ လမ်းတလျှောက် က ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ မကွေး စတဲ့မြို့တွေမှာ ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။
2016-07-13
မြန်မာ့လွတ်လပ်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးသမိုင်းမှာ ထင်ရှားတဲ့ ဗိုလ်မှူးကြီး ဗထူး ကျဆုံးခဲ့တဲ့ နှစ်တစ်ရာပြည့် ဂုဏ်ပြုအထိမ်းအမှတ်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့ ဗထူးခမ်းမ မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-07-13
ဗိုလ်မှူးဗထူး ကျဆုံးခြင်း နှစ်တစ်ရာပြည့် အခမ်းအနားကို ရန်ကုန် လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းက ထားဝယ်အသင်း ရုံးခန်းမှာ ကျင်းပခဲ့ပြီး ဂရပ်ဖတီပညာရှင် ကိုအာကာကျော် က ဗိုလ်မှူးဗထူးရဲ့ ရုပ်ပုံဆွဲထားတာတွေ ကို ပြသထားပါတယ်။
2016-07-13
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လာမယ့် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့အမီ အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
2016-07-13
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့-မဘသ အဖွဲ့ဝင်တွေအနေနဲ့ ဆန္ဒထုတ်ဖော်တာတွေ မလုပ်ဖို့ မဘသ-ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-12
မန္တလေးတိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သိမ်းယူထားတဲ့ မတ္တရာမြို့နယ် ရေနံ့သာကျေးရွာက လယ်ယာမြေဧက ၂ ရာကျော်ကို မူလတောင်သူတွေဆီ ပြန်လည်ပေးအပ်တဲ့ အခမ်းအနားကို ဇူလိုင်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ ဒု-သမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်ခဲ့ပါတယ်။
2016-07-12
"ရခိုင်ပြည်နယ်က မွတ်စလင်အသိုင်းအဝိုင်း" ဆိုပြီး အစိုးရက ခေါ်ဝေါ်သုံးနှုန်းတဲ့အပေါ် ဇူလိုင်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့မှာ လူ ၅ ရာလောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။
2016-07-12
မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာမှာ တိုက် နယ်ဆေးရုံ ဆောက်လုပ်ဖို့ ဘတ်ဂျက်လျာထားပြီးခါမှ သရက်တောကျေးရွာ ကို ပြောင်းလဲ ချထားပေးလိုက်တဲ့အတွက် ဒေသခံတွေ က ဆေးရုံ ပြန်လည်ရရှိဖို့ မကွေးမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-07-09
၂၁ ရာစုပင်လုံညီလာခံအတွက်ကြိုတင်ပြင်ဆင်မှု အနေနဲ့ ကချင်တိုင်းရင်းသားများဆိုင်ရာ လူထု နှီးနှောဖလှယ်ပွဲ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းဥယျာဉ် မဂျွယ်ခန်းမ မှာ ဒီကနေ့ုပြုလုပ်နေပါတယ်။