သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-14
ပုဂံလို့ ပြောလိုက်ရင် တန်ခိုးကြီး ဘုရားစေတီတွေနဲ့အတူ လှပတဲ့ မြင်းလှည်းနဲ့ မြင်းခွာသံ တညံညံကို အတူတွဲပြီး မြင်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ မြင်းစာ မတတ်နိုင်တာနဲ့ တခြား ခေတ်ပေါ်အစားထိုး ယာဉ်တွေကြောင့် ဆက်လက်လုပ်ကိုင်သူ အတော်နည်းသွားပြီလို့ ပြောပါတယ်။
2022-10-13
အာဏာသိမ်းလိုက်တဲ့ဖြစ်ရပ်နဲ့အတူ ကိုယ်ပိုင်ရည်မှန်းချက်တွေကို ရပ်တန့်လိုက်ရတဲ့ နိုင်ငံသားပေါင်းများစွာထဲမှာ မန္တလေးမြို့က ကိုသီဟ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်။
2022-10-13
တိုက်ပွဲတွေကြောင့် ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်တွေကနေ တောင်ငူမြို့နယ်ကို အခုနှစ် ဖေဖော်ဝါရီလကတည်းက ထွက်ပြေး ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးရှိနေပြီး အချိန်ကြာလာတာနဲ့အမျှ သူတို့တွေ အခက်အခဲမျိုးစုံ ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-10-11
အခုတီထွင်မှုအတွက် သူနေခဲ့တဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ခဲ့ရဖူးတဲ့ မြေတူးစက်က လှုပ်ရှားမှုတွေကို တုပပြီး တည်ဆောက်ခဲ့တာလို့ ပြောပြပါတယ်။
2022-10-11
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်တဲ့ ဗုံးကြောင့် အသက် ၅၂ နှစ်အရွယ် ဒေါ်နှင်းအိလှိုင် မျက်လုံးအမြင်အာရုံ ထိခိုက်ခဲ့ပါတယ်။
2022-10-10
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နဲ့ သီတင်းကျွတ်ကာလဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထူးခြားပြီး ကြည်နူးစရာကောင်းတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
2022-10-06
စစ်ကောင်စီ တပ်သားတွေဟာ စစ်ကိုင်းက ခုခံမှုတွေကိုတန်ပြန်စစ်ဆင်တဲ့အနေနဲ့ မြေလှန်မီးရှို့စနစ်ကို ကျင့်သုံးနေပြီး အခုဆိုရင် အိမ်ပေါင် းနှစ်သောင်းကျော် မီးရှို့ခံရပြီး ဖြစ်ပါတယ်။ လူပေါင်း ၅၀၀ လောက် အသတ်ခံရပြီးလည်း ဖြစ်ပါတယ်။
2022-10-06
တမုတ်ရွာကိုမီးရှို့ပြီး ပြန်ထွက်သွားတဲ့ စစ်ကြောင်းဟာ နောက်တစ်ရက်မှာ အဲဒီရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ကုလားလူးရွာကို ထပ်မံဝင်ရောက်စီးနင်းတာကြောင့် ရွာခံ ကိုယ်ဝန်ဆောင်တစ်ဦးလည်း နေ့စေ့လစေ့နဲ့ ထွက်ပြေးခဲ့ရပြီး အဲဒီနေ့ည ထွက်ပြေးနေရင်း တောထဲမှာပဲ ကလေးမီးဖွားခဲ့ရပါတယ်။
2022-10-05
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာအနီးဝန်းကျင်မှာ နေထိုင်သူတွေဟာ သီတင်းကျွတ်ခါနီးတိုင်း မီးပုံးလုပ်ငန်း လုပ်ကိုင်ကြပါတယ်။
2022-10-05
သစ်ပင်တွေ ဆုံးရှုံးတာကို ပြန်ကုစားပေးတဲ့အနေနဲ့ သစ်ပင်တစ်ပင် ခုတ်လှဲပြီးတိုင်း အိမ်ရှင်ရဲ့ ခွင့်ပြုချက်ယူပြီး နောက်ထပ် သီးပင်စားပင် သုံးပင် ပြန်စိုက်ပေးတဲ့အလေ့အထကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက သူ အမြဲလုပ်ကိုင်လာတယ်လို့လည်း ပြောပါတယ်။
2022-10-04
လက်နက်ကိုင် ခုခံမှုအားကောင်းပြီး မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျည်စတချို့ ဦးခေါင်းခွံထဲ စိုက်ဝင်နေတဲ့ အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ငွေကြေး မတတ်နိုင်တာကြောင့် သုံးလကြာတဲ့အထိ မခွဲစိတ်နိုင်ဘဲ ဝေဒနာပိုဆိုးလာတယ်လို့ မိဘတွေက ပြောပါတယ်။
2022-10-03
ဝမ်းနည်းစရာကောင်းတဲ့ ဒီမြင်ကွင်းဟာ မူးယစ်ဆေးဝါးသားကောင်ဖြစ်နေတဲ့ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်ကို မိဘတွေကိုယ်တိုင် လက်ပြန်ကြိုးတုပ်ပြီး မူးယစ်ဆေးဖြတ်ဖို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာရှိတဲ့ ကောင်းသောရှမာရိ လူငယ်သင်တန်းကျောင်းကို ပြီးခဲ့တဲ့ ဇွန်လက ပို့ဆောင်ခဲ့တဲ့ မြင်ကွင်းဖြစ်ပါတယ်။
2022-10-01
စစ်ကိုင်းတိုင်း၊ တမူးမြို့ (၄) မိုင်ဂိတ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တမူး ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ရဲ့ စက်တင်ဘာလ ၁၉ ရက်တိုက်ပွဲမှာ Burmese Students Organization (B.S.O) ကျောင်းသား တပ်ဖွဲ့က ၁၀ တန်းကျောင်းသား မောင်အာကာထက် ကျဆုံးခဲ့ပါတယ်။
2022-09-30
ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အနောက် အင်ဒိုင်းကျေးရွာမှာရှိတဲ့ တိုင်းရင်းသားမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်လှုဒါန်းသူ နည်းပါးပြီး ကလေးတွေအတွက် ပညာရေးနဲ့ စားဝတ်နေရေးကအစ ခက်ခဲနေတယ်လို့ ကျောင်းတည်ထောင်သူ ဦးဆောင်ဆရာတော် ဦးသေဋ္ဌိလက မိန့်ပါတယ်။
2022-09-29
ဒေါင်းဆင်ဒရုန်း (Down Syndrome) ခေါ် ဉာဏ်ရည်ပိုင်းဖွံ့ဖြိုးမှု အားနည်းတဲ့ရောဂါ ခံစားနေရသူတွေဟာ လက်ရှိ နေ့စဉ်လူမှုဘဝထဲမှာ သာမန်လူတွေလိုပဲ သွားလာလှုပ်ရှားနိုင်နေကြသလို ပန်းချီဆွဲတာနဲ့ အခြားသော လက်မှုလုပ်ငန်းတွေမှာပါ လုပ်ဆောင်လာနိုင်ကြပါပြီ။