သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-22
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းက မွတ်စလင်တွေကို အစိုးရက NVC လို့ခေါ်တဲ့ အစိမ်းနုရောင် နိုင်ငံသားစိစစ်ခံယူခွင့်ကဒ်တွေကို ဒီနေ့ စတင်ထုတ်ပေးခဲ့ရာမှာ လာရောက်ထုတ်ယူသူ နည်းပါးခဲ့ပါတယ်။
2016-06-22
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ Yanghee Lee ဟာ လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစီရင်ခံစာ တင်သွင်းဖို့အတွက် မြန်မာနိုင်ငံမှာ လာရောက်လေ့လာနေပါတယ်။
2016-06-22
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP ရုံးမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-06-21
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက် ၇၁ နှစ်ပြည့် မွေးနေ့ပွဲနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရုံးသစ်ဖွင့်ပွဲကို ရန်ကုန် ဗဟန်း မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
2016-06-21
ဇွန်လ ၁၉ ရက်နေ့ မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ် ပြည့်မွေးနေ့ကို နေပြည်တော်၊ မန္တလေးနဲ့ လွိုင်ကော်မြို့တွေမှာ ကျင်းပခဲ့ပါတယ်။
2016-06-21
လေးကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနဲ့လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲကို ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာဟိုတယ်မှာ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဆု၊ ဟံသာဝတီဦးဝင်းတင်ဆုနဲ့ ကိုမင်းကိုနိုင်ဆု အပါအဝင် ဆု ၉ ဆု ချီးမြှင့်ခဲ့ပါတယ်။
2016-06-21
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာမှာ ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း က ပြန်လည်စွန့်လွှတ်လိုက်တဲ့ ယာမြေတွေကို အစိုးရအနေနဲ့ ပြန်လည်စိစစ်ပေးဖို့ ဒေသခံတောင်သူတွေက ဇွန်လ ၂၀ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
2016-06-21
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာအောင်နိုင်ဦးကို တင်မြှောက်ထားပါတယ်။
2016-06-18
ပြင်သစ်နိုင်ငံရဲ့ နိုင်ငံခြားရေး၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီး Jean- Marc Ayrault နဲ့ မြန်မာနိုင် ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-06-18
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေနဲ့ စစ်တွေမြို့မှာ ဇွန်လ ၁၇ရက်နေ့က တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
2016-06-18
ရန်ကုန်မြို့က ကိုလိုနီခေတ် အဆောက်အဦတွေကို မူလလက်ရာမပျက် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အတွက် ပြန်လည် ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေပါတယ်။
2016-06-18
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က "နွေနှမ်း" စိုက်ပျိုးတဲ့ တောင်သူတွေဟာ အခုနှစ်မှာ မိုးများတာနဲ့ ကြုံလိုက်ရတဲ့အတွက် နှမ်းစိုက်ဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ကြပါတယ်။
2016-06-18
အပတ်စဉ် သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ဖြစ် ပါတယ်။
2016-06-18
ကယားပြည်နယ် လွိုင်ကော်မြို့က အသက် ၂ဝ အရွယ် လူငယ်တယောက်ဖြစ်တဲ့ ကိုအောင်တေဇာဖြိုးဟာ အသားကင် တဲ့အခါ ထိုးတဲ့တုတ်ချောင်းတွေနဲ့ လူနေအဆောက်အဦး ပုံစံငယ်လေးတွေ ဖန်တီးပြီး ဈေးကွက်မှာရောင်းချဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။
2016-06-17
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားနံဘေးမှာ နေထိုင်တဲ့ မိသားစုကနေ ဆယ်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ မောင်ကောင်းပြည့်ရဲ့ သတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက Facebook စာမျက်နှာတွေမှာ ချီးကျူးရေးသားခဲ့ကြပါတယ်။