သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-22
ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီက ပြင်ဆင်ချက် တင်သွင်းလိုက်တယ်လို့ အဲဒီပါတီက ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က ပြောပါတယ်။
2019-04-22
တပ်မတော်ကို စော်ကားတဲ့အပြုအမူတွေ ပြုလုပ်တယ်ဆိုပြီး ပုဒ်မ ၅ဝ၅(က)နဲ့ တရားစွဲဆိုခံရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဒီကနေ့ တရားရုံးမှာ လာရောက်အစစ်ခံရာမှာ တရားသူကြီးက အာမခံမပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ချက်ချင်းပို့ဆောင်လိုက်ပါတယ်။
2019-04-22
မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒေသခံ ရှစ်ထောင်ကျော်က ဒီကနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
2019-04-21
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ် ကျောက်ကုန်း မဂ္ဂင်လမ်းက နေအိမ်ပုံစံအတိုင်း ပုံစံတူအိမ်တစ်လုံးကို ဦးဝင်းတင်အမှတ်တရ ပြတိုက်အဖြစ် ဒီကနေ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။
2019-04-21
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို မန္တလေး အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-04-20
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် ကုန်ကျစရိတ်ကို ပြည်သူလူထုက တစ်ယောက် တစ်ဒေါ်လာနှုန်း စုပေါင်းပြီး ပြန်လျော်ခွင့်ပေးဖို့ “ဧရာဝတီကို ပြန်ရွေးယူကြမယ်” စကားဝိုင်း တက်ရောက်လာသူတွေက တောင်းဆိုလိုက်ပါတယ်။
2019-04-19
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အခက်အခဲတွေ ဘယ်လောက်အထိ ရှိနေပါသလဲ။ "ပြန်စမယ် - မစဘူး" - ဆိုတဲ့ ဒီအဖြေနှစ်ခုကြားမှာ ကြီးမားတဲ့ရိုက်ခတ်မှု ဘာတွေ ရှိနိုင်မလဲ။
2019-04-19
ဝ,အထူးဒေသပန်ဆန်းမြို့မှာ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်ပွဲတော်ကို ဘယ်လို ကျင်းပခဲ့ကြသလဲဆိုတာကို သိရဖို့အတွက် ပန်ဆန်းမြို့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုကံသာနဲ့ ကိုသီဟထွန်းကို ဝါရှင်တန်ဒီစီရုံးချုပ်ကနေ Skype ဗီဒီယိုကတဆင့် RFA ဝိုင်းတော်သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2019-04-19
UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ဝအထူးဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့အပေါ် အစိုးရဘက်က လက်ခံနိုင်မယ့် အလားအလာ ရှိပါသလား…၊ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ရော ဒီကိစ္စအပေါ် ဘယ်လို အမြင်သဘောထားတွေ ရှိကြပါသလဲ…။
2019-04-19
မြန်မာနိုင်ငံ ဒေသအတော်များများမှာ နေ့အပူချိန်တွေ မြင့်တက်နေတဲ့အတွက် ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
2019-04-19
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-04-19
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးထဲက မကေခိုင်ထွန်းကို မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဒီနေ့ဖမ်းဆီးလိုက်ပြီး ငွေကျပ်သိန်းတစ်ရာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2019-04-19
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမား ၈ ယောက်အမှုနဲ့ပတ်သက်လို့ ဒီနေ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ တရားလိုပြသက်သေ ၁ ဦးကို စစ်ဆေးခဲ့ပါတယ်။
2019-04-19
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ)တို့နဲ့ တရားစွဲထားတာကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံး ဆင့်ခေါ်ကြားနာခဲ့ပါတယ်။
2019-04-18
ဝပြည်သူတွေ နိုင်ငံရေးအာမခံချက်ရဖို့အတွက် တပ်ဖွဲ့အင်အား တိုးချဲ့တည်ဆောက်ရတာလို့ UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောလိုက်ပါတယ်။