ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တောင်းဆိုတဲ့ ဝအထူးဒေသ
2019.04.19
မြန်မာနိုင်ငံမှာ အစိုးရတပ်မတော်ပြီးရင် တပ်ဖွဲ့ဝင်အင်အား အများဆုံးဖြစ်တဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ဝအထူးဒေသ ထူထောင်ခဲ့တာ နှစ် ၃ဝ ပြည့်သွားပါပြီ။ အဲဒီလို အနှစ် ၃ဝ ပြည့်သွားချိန်မှာပဲ ဝအထူးဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်တာကို တွေ့ရပါတယ်။
UWSA က အခုလို တောင်းဆိုလိုက်တဲ့အပေါ် အစိုးရဘက်က လက်ခံနိုင်မယ့် အလားအလာ ရှိပါသလား…၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ တောင်းဆိုနေကြတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ရော ဒီကိစ္စအပေါ် ဘယ်လို အမြင်သဘောထားတွေ ရှိကြပါသလဲ… ဆိုတာတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခက်မာက စုစည်းတင်ပြထားပါတယ်။
(ရိုက်ကူး- သီဟထွန်း၊ ကံသာ)