သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-30
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ်က ကျောင်းသား ၅ ဦးကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-07-30
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်က စာရင်းစစ်ချုပ်ရုံးပိုင်မြေပေါ်မှာ ငှားရမ်းနေထိုင်ကြတဲ့ နှစ်ထပ်တိုက် လူနေဆိုင်ခန်း ရှစ်ခန်းကို ဆက်မငှားတော့ဘဲ စာရင်းစစ်ရုံးအဖွဲ့က ဆိုင်ခန်းတွေကို ဒီနေ့ဖျက်ဆီးခဲ့ပါတယ်။
2015-07-30
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လက်တွေနဲ့ ပုံစံတူပြုလုပ်ထားတဲ့ ကျောက်ပတ်တီး လက်ပုံတွေကို ရန်ကုန် ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းက ပန်းချီပန်းပု အနုပညာကျောင်းဟောင်း နေရာမှာ ပြသထားပါတယ်။
2015-07-29
ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း တဲ့အတွက် မိုးကောင်းမြို့နယ်မှာ အိမ်ခြေ ငါးထောင် နီးပါး ရေနစ်မြုပ်နေပြီး လူဦးရေတစ်သောင်းလောက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
2015-07-29
လုပ်ခလစာတိုးမြင့်ရရှိရေးနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကြောင့် တရားစွဲခံနေရတဲ့ ရန်ကုန် ရွှေပြည်သာမြို့နယ်က အလုပ်သမားခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-07-29
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ခရီးသွားလာရာမှာ ဗီဇာကင်းလွတ်ခွင့်ပြုဖို့အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံပြီး သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ RFA သတင်းထောက်ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2015-07-28
အမျိူးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၅ ရက်နေ့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့ကို သွားရောက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပညာပေးဟောပြောခဲ့ပါတယ်။
2015-07-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်နေ့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့ နဲ့ မော်လမြိုင်ကျွန်းမြို့တွေမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
2015-07-28
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိူက်လတ်မြို့နဲ့ မော်လမြိုင်ကျွန်းမြို့က ဟောပြောပွဲတွေမှာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။
2015-07-28
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးအကျဉ်းကျခံခဲ့ရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ဆုံးရံှုးနစ်နာခဲ့ မှုတွေကို ပြန်လည်ဖော်ထုတ်တဲ့… “ပေးဆပ်သူတို့ စကားဝိုင်း” အမည်ရှိဆွေးနွေးပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်က မြန်မာနိုင်ငံ ကက်သလစ်ဆရာတော် များ ကျောင်းတိုက်ဝင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2015-07-28
မြန်မာပြည်အထက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းတပတ်လုံးနီးပါး မိုးသည်းထန်ခဲ့ တဲ့အတွက် အခုရက်ပိုင်းအတွင်း မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တံတားကျိုးတာတွေ ကျေးရွာတွေ ရေနစ်မြုပ်တာတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ အကူအညီ လိုအပ်နေပါတယ်။
2015-07-24
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့တွေဟာ အခုလ ၂၂ ရက်နေ့ကစပြီး ၂၄ ရက်နေ့အထိ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေး ထိုးနိုင်ဖို့ ရန်ကုန်မြိုု့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအပြီး မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။
2015-07-24
မကွေးမြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၂ ရက်နေ့က “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စစ်ပွဲတွေကိုရပ်တန့်စို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ကျေးရွာပေါင်း ၁ဝ ရွာက တောင်သူတွေ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
2015-07-24
ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီက ဗဟိုကော်မတီဝင်တွေဟာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝေဠုဝန် ကျောင်းတိုက်မှာ ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။
2015-07-24
တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲကထွက်သွားဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဇူလိုင်လ ၂၄ ရက်နေ့က ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတား မြို့နယ် တရားရုံးတွေမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။