ပေးဆပ်သူတို့ စကားဝိုင်း
2015.07.28
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးအကျဉ်းကျခံခဲ့ရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ဆုံးရံှုးနစ်နာခဲ့ မှုတွေကို ပြန်လည်ဖော်ထုတ်တဲ့… “ပေးဆပ်သူတို့ စကားဝိုင်း” အမည်ရှိဆွေးနွေးပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်က မြန်မာနိုင်ငံ ကက်သလစ်ဆရာတော် များ ကျောင်းတိုက်ဝင်းမှာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။