သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်ရဲ့ ပညာဒါနကျောင်းတွေကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေ ကို ဂုဏ်ပြုတဲ့ ဆုချီးမြှင့်ပွဲကို မနေ့က ရန်ကုန်မြို့က တော်ဝင် နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-07-14
ရခိုင်ပြည်နယ် စိုက်ပျိုးစရိတ်ချေးငွေကို လယ်လုပ်ကိုင်ခွင့် ပုံစံ ၇ ရှိမှ ထုတ်ချေးပေးတဲ့အတွက် ပုံစံ ၇ မရှိတဲ့ စစ်တွေမြို့နယ်က တောင်သူတစ်ချို့ ချေးငွေ မရရှိကြသေးတာကြောင့် အခက်အခဲတွေ့နေရပါတယ်။
2015-07-11
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေ ထိုင်ကြတဲ့ ကလေးငယ်တွေအတွက် ကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေပါတယ်။
2015-07-11
ရွေးကောက်ပွဲတရားမျှတရေးနဲ့ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် မကွေးတိုင်း ချောက်မြို့မှာ ကျောင်းသားတွေဦးဆောင်ပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကိုနေမျိုးဇင်၊ နော်အုံးလှ၊ ကိုသန်းဆွေ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးဘမြင့်တို့ကို လသာမြို့နယ်တရားရုံးက ဇူလိုင်လ ၁ဝ ရက်နေ့ ထောင်ဒဏ်လေးလစီ ချမှတ်လိုက်ပါတယ်။
2015-07-11
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ် စီမံကိန်းဧရိယာထဲက မြေယာလျော်ကြေး ယူမထားတဲ့ တောင်သူတရာကျော်ဟာ သူတို့မြေယာတွေကို ကာလပေါက်ဈေးအတိုင်း ပေးလျော်ပေးဖို့ ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-11
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-07-11
ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ လယ်သမားငါးရာလောက် ဇူလိုင်လ ၁ဝ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-10
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေး ရွာ အင်းမကြီး ရွှေလုပ်ကွက်မှာ ပြီးခဲ့တဲ့ ၂ ရက်က ကုမ္ပဏီနဲ့ ဒေသခံတွေ ပဋိပက္ခဖြစ်ပွားတဲ့ အတွက် ဒေသခံတွေနဲ့ ဝန်ထမ်းတွေ ဒဏ်ရာရခဲ့ ပြီးနောက်၊ ရွှေ လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းဖို့ သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
2015-07-10
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရွေးချယ်ခွင့်လို အရေးကြီးတဲ့ပြင်ဆင်ချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။
2015-07-10
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း (၁၊၂၊၃) က မြေသိမ်းခံရသူတွေဟာ အစားထိုးမြေနေရာ ပြန်လည်ရရှိဖို့အတွက် လူထုဟစ်တိုင်ကွင်းမှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-07-10
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ ဒီကနေ့အစီအစဉ်မှာ… အညာကျေးလက်ဒေသက ထန်းသမားအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေတဲ့ မိသားစုတစ်စုနဲ့ တစ်နေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သားကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-10
အမေရိကန်နိုင်ငံအခြေစိုက် International Republican Institute-IRI အဖွဲ့ဟာ ရွေးကောက်ပွဲမှာ ထိရောက်အောင်မြင်တဲ့ မဲဆွယ်စည်းရုံးရေးစနစ်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေနဲ့ တောင်ကြီးမြို့မှာ အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2015-07-10
အစိုးရဝန်ထမ်းတွေရဲ့ပင်စင်ကို မူလအတိုင်း အသက် ၆ဝ အထိသာ သတ်မှတ်ဖို့ မနေ့က လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ်တွေက ဒီကနေ့ ကန့်ကွက်ခဲ့ကြပေမယ့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2015-07-09
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ခွင့်၊ လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုပ်သိမ်းခွင့်နဲ့ အစိုးရအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေ ပါတီ ကနေ နှုတ်ထွက်ခွင့် စတာတွေကို ပြင်ဆင်ထားတဲ့ ပုဒ်မ ၃ဝ လောက်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆံုံးဖြတ်ရာမှာ ပြင်ဆင်ချက် အားလံုံးနီးပါး ရှုံးနိမ့်ခဲ့ပါတယ်။