ကိုနေမျိုးဇင် နော်အုန်းလှနှင့် ထောင်ဒဏ်များ
2015.07.11
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကိုနေမျိုးဇင်၊ နော်အုံးလှ၊ ကိုသန်းဆွေ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးဘမြင့်တို့ကို လသာမြို့နယ်တရားရုံးက ဇူလိုင်လ ၁ဝ ရက်နေ့ ထောင်ဒဏ်လေးလစီ ချမှတ်လိုက်ပါတယ်။ RFA သတင်းထောက် သီရိမင်းဇင်က တင်ပြထားပါတယ်။