သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-09
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ခွင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုပ်သိမ်းခွင့်နဲ့ အစိုးရအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်ခံရသူတွေ ပါတီကနေ နှုတ်ထွက်ခွင့် စတာတွေကို ပြင်ဆင်ထားတဲ့ ပုဒ်မ ၃ဝ လောက်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆံုံးဖြတ်ရာမှာ ပြင်ဆင်ချက် အားလံုံးနီးပါး ရှုံးနိမ့်ခဲ့ပါတယ်။
2015-07-09
မြန်မာနိုင်ငံရဲ့ ပထမဆုံး “လူသားနဲ့ ဇီဝအဝန်းနယ်မြေ” အဖြစ် သတ်မှတ်လိုက်တဲ့ ရှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့က အင်းလေးဒေသ ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ဒေသခံတွေ ပူးပေါင်းပါဝင်နိုင်ဖို့ ဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-07-09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျေးလက်ဒေသတွေက ငွေကြေးမတတ်နိုင်တဲ့ ဆယ်တန်း ကျောင်းသားကျောင်းသူတွေကို အခမဲ့ သင်ကြားပေးနေတဲ့ “ရိုးမအလင်း” ကျောင်းမှာ နယ်မြို့တွေက လာပြီး ပညာသင်ယူသူတွေ များလာပါတယ်။
2015-07-08
၅၃ နှစ်မြောက် 7 July အောက်မေ့ဘွယ်အခမ်းအနားတွေကို မန္တလေးမြို့နဲ့ မြစ်ကြီးနားမြို့တွေမှာ ဇူလိုင်လ ၇ ၇က်နေ့က ကျင်းပခဲ့ပါတယ်။
2015-07-08
7 July အမှတ်တရ အခမ်းအနားကို မြေလတ်ဒေသ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက မကွေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2015-07-08
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးမှာ ကျောင်းသားတွေကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူသုံးဦးရဲ့ ပြောပြချက်တွေနဲ့၊ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီးခံရတဲ့အကြောင်းတွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က စုစည်းတင်ပြထားပါတယ်။
2015-07-08
ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းပြီး သမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးလိုက်တဲ့ ၅၃ နှစ်မြောက် 7 July နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသူကျောင်းသားတွေက ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာ နှစ်ကြိမ်ကျင်းပခဲ့ပါတယ်
2015-07-08
မိုးကုတ်မြို့က ရေပူဆရာတော် ဦးဣန္ဒကကို ပြန်လွှတ်ပေးဖို့ ဒေသခံ ၅ ရာကျော်လောက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-07-07
ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ကရင်အမျိုး သားအကြိုညီလာခံကို ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့ပါတယ်။
2015-07-07
နိုင်ငံရေးအကျဉ်းသားတွေ ၂၀၁၅ ရွေးကောက်ပွဲ အမှီပြန်လွှတ်ပေးဖို့ နိုင်ငံရေးလှုပ်ရှားသူ တဦးက မကွေးမြို့မှာ ဇူလိုင်လ ၄ ရက်နေ့ ပြီးခဲ့တဲ့ စနေနေ့က တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
2015-07-07
ရွှေတိဂုံစေတီတော်အနီးမှာတည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းက ဆောက်လုပ်ဆဲလုပ်ငန်း တွေကို ရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်မှတ်တွေကို မနက်ဖြန် ဇူလိုင်လ ၇ ရက်နေ့က စတင်ပြီး ကောက်ခံသွားမယ်လို့ ရွှေတိဂုံစေတီတော်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့က ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-07-07
အစိုးရက အဆိုပြုသတ်မှတ်လိုက်တဲ့ တစ်ရက် အနိမ့်ဆုံးလုပ်ခ ၃၆ဝဝ ကျပ်ကို မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က လက်ခံကြောင်း ဇူလိုင်လ ၅ ရက်နေ့ ရန်ကုန်မြို့လှိုင်သာယာ မြို့နယ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပ ပြောကြားလိုက်ပါတယ်။
2015-07-07
ရှမ်းပြည်နယ် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နာယာမကျေးရွာမှာရှိတဲ့ တရုတ်ရိုးရာသုံး စက္ကူစက်ရုံတွေက စွန့်ထုတ်လိုက်တဲ့ရေဆိုးတွေကြောင့် စက်ရုံဝန်းကျင်ကျေးရွာတွေက လယ်သမားတွေနဲ့ ဒေသခံတွေဟာ သောက်သုံးရေနဲ့စိုက်ပျိုးရေအတွက် အခက်ခဲဖြစ်နေကြရပါတယ်။
2015-07-07
ကယားပြည်နယ်က လွိုင်ကော်၊ အောင်ပန်း အဝေးပြေးကားလမ်းမကြီးဟာ ကျဉ်းလွန်းတာကြောင့် ကားကြီးတွေတစ်စီးနဲ့ တစ်စီး ရှောင်ဖို့ အခက်အခဲဖြစ်နေပြီး ကားသမားတွေသာမက ခရီးသွားတွေ အတွက်လည်း အခက်အခဲဖြစ်နေ ရှိနေပါတယ်။
2015-07-04
ကရင်အမျိုးသားညီလာခံ ကျင်းပနိုင်ဖို့အတွက် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကရင် အမျိုးသားအကြိုညီလာခံကို ဇူလိုင်လ ၃ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ကျင်းပနေပါတယ်။