ရွှေတိဂုံစေတီတော်ရေရှည်တည်တံ့ရေး
2015.07.07
ရွှေတိဂုံစေတီတော်အနီးမှာတည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းက ဆောက်လုပ်ဆဲလုပ်ငန်း တွေကို ရပ်ဆိုင်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်မှတ်တွေကို မနက်ဖြန် ဇူလိုင်လ ၇ ရက်နေ့က စတင်ပြီး ကောက်ခံသွားမယ်လို့ ရွှေတိဂုံစေတီတော်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့က ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် မဇာဏီထွန်းက တင်ပြထားပါတယ်။