သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-05
ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မြောက်ဦးနဲ့ အမ်းမြို့နယ်တွေက ကလေးငယ်တွေရဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် LWF(The Lutheran World Federation)က ယူရိုငွေ ၂ သန်းသုံးစွဲပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2015-02-05
မန္တလေးတိုင်း အမရပူရမြို့နယ်က တောင်အင်းမြောက်အင်းနဲ့ ဒုဋ္ဌဝတီမြစ်ထဲကို စက်မှုဇုန်က စွန့်ပစ်ရေတွေ ဝင်ရောက်နေ တာကြောင့် ဒေသခံတွေ အဲ့ဒီမြစ်ရေကိုသုံးဖို့ အခက်အခဲ ဖြစ်နေပါတယ်။
2015-02-05
ရခိုင်ရိုးရာ ရထားဆွဲပွဲတွေကို စစ်တွေမြို့အပါအဝင် မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာ ၂ဝ၁၅ ဖေဖော်ဝါရီ လ ၁ ရက်နေ့ကစပြီး သုံးရက်ကြာ ကျင်းပခဲ့ကြပါတယ်။ ရခိုင်ရထားဆွဲပွဲအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2015-02-04
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၅ ဖေဖော်ဝါရီလ (၃)ရက် ဒီနေ့ နေပြည်တော်မှာ ဆက်လက်ဆွေနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ဆွေးနွေးပွဲ ပျက်သွားခဲ့ ပါတယ်။
2015-02-04
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေးကနေ ခရီးရှည် ချီတက် ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ မကွေးမြို့ ကံပြားအနောက်စု ရှားတောကျောင်းတိုက်မှာ တညတာ ရပ်နားထားပါတယ်။
2015-02-04
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က လက်ရှိ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအခြေနေတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတခုကို ဖေဖော်ဝါရီလ ၂ ရက် မနေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2015-02-04
မန္တလေးတိုင်း ပလိပ်မြို့မှာရှိတဲ့ အမှတ် (၂) အထည်စက်ရုံက အလုပ်သမားတွေနဲ့ ကုမ္ပဏီအကြား စာချုပ်အသစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာ ဖေဖော်ဝါရီလ(၃)ရက် ဒီနေ့ထိ ပြေလည်မှုမရ ဘဲ ဖြစ်နေပါတယ်။
2015-02-04
အပတ်စဉ်အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေတဲ့ “အာရှသတင်းမြင်ကွင်းစုံ” အစီအစဉ်ကို ရှုစားရမှာပါ။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက စီစဉ်တင်ဆက်ထားပါတယ်။
2015-02-03
မန္တလေးမြို့ကနေ ရန်ကုန်ကို လမ်းလျှောက်ချီတက် လာကြတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ၂ဝ၁၅ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲကာလမှာ မကွေးတိုင်း ချောက်မြို့နယ်က ရွာတစ်ရွာမှာ ညအိပ် ပြီး ခေတ္တရပ်နားဖို့ စီစဉ်ခဲ့ပေမဲ့ အဆင်မပြေဘဲ ရေ နံချောင်းမြို့ကို ခရီးဆက်ခဲ့ရတယ်လို့ သိရပါတယ်။
2015-02-03
မန္တလေးမြို့ကနေ ရန်ကုန်ကို လမ်းလျှောက်ချီတက်လာကြတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ၂ဝ၁၅ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆွေးနွေးပွဲကာလမှာ မကွေးတိုင်း ချောက်မြို့နယ်က ရွာတရွာမှာ ညအိပ်ပြီး ခေတ္တရပ်နားဖို့ စီစဉ်ခဲ့ပေမဲ့ အဆင်မပြေဘဲ ရေနံချောင်းမြို့ကို ခရီးဆက်ခဲ့ရတယ်လို့ သိရပါတယ်။
2015-02-03
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မနေ့က ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-02-03
ဘာသာပေါင်းစုံအကြား နားလည်သည်းခံခွင့်လွှတ်နိုင်စွမ်းမြင့်မားပြီး သဘောထားကြီးတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေး ဦးတည်တဲ့ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ရွှေလီလမ်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-02-03
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က စိတ်တိုင်းကျခန်းမ မှာ ၂ဝ၁၅ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-02-03
ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းမှာ ၂ဝ၁၅ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။