သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-01
လူ့ဘောင်သစ်ပါတီနဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ဟာ “လူ့ဘောင်သစ်ပါတီ” အမည် နဲ့ တပါတီတည်းအဖြစ် ပေါင်းစည်းလိုက်ပါတယ်။
2015-07-01
ရန်ကုန် တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက်မှာ မဲပေးနိုင်သူ နှစ်သောင်းကျော်ရှိတဲ့အထဲက တစ်သောင်းကျော်လောက်ဟာ လူမနေတဲ့ သန်းခေါင်စာရင်းထဲမှာပါဝင်နေပြီး၊ အမှန်တကယ် မဲပေးနိုင်သူ အရေအတွက် ရှစ်ထောင်လောက်သာရှိတယ်လို့ သိရပါတယ်။
2015-07-01
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းမှာပါတဲ့ ပုဒ်မပေါင်း ၃ဝ အကျုံးဝင်တဲ့ ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်ဖို့ ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။
2015-07-01
၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ ကျောင်းသားတွေ ဒီနေ့ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2015-06-30
လားရှိုးမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို လာရောက် ကြည့်ရှု စစ်ဆေးသူ နည်းပါးနေပြီး၊ ထုတ်ပြန်ထား တဲ့ မဲစာရင်းတွေမှာလည်း မှားယွင်းမှုတွေရှိနေတယ် လို့ သိရပါတယ်။
2015-06-30
ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့တဲ့မဲဆန္ဒ ရှင်စာရင်း မှန်ကန်မှုရှိမရှိစစ်ဆေးဖို့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ကွင်းဆင်း စစ်ဆေးတဲ့အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။
2015-06-30
အစိုးရသတင်းစာတွေထဲမှာ ကြေညာထားတဲ့ အကျဉ်းထောင်ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေပူးတွဲပြီး ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်၊ စနေနေ့က ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-06-30
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် တောင်းဆိုနိုင်ဖို့အတွက် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေကို ဆန္ဒမဲပေးကြဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနေ့က ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
2015-06-30
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် "ဝ"အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ခေါင်းဆောင်တွေဟာ လာရှိုးမြို့က ပါတီဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ဒေသခံသတင်းထောက်တွေ နဲ့ တွေ့ဆုံပြီး မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2015-06-30
မကွေးတိုင်းနတ်မောက်မြို့မှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေကို မ,တည်ပြီး ဗိုလ်ချုပ်အောင်ဆန်းဖောင်ဒေးရှင်းကို တည်ထောင်လိုက်ပါတယ်။
2015-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီ ၆၇ ပါတီတို့ဟာ နိုင်ငံရေးပါတီတွေ၊ ကိုယ်စား လှယ်လောင်းတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဒီကနေ့ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
2015-06-27
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့၊ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) အတွက် အဆုြိပုထားတဲ့ ပြင်ဆင်ချက်မူကြမ်း တွေကို မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အများစုက ကန့်ကွက်မဲ ပေးခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။
2015-06-27
ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရွှေတိဂုံဘုရားမှာ ဆုတောင်းခဲ့ကြတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နော်အုန်းလှကို ဒဂုံမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။
2015-06-27
(၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျင်းပခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး ပြသခဲ့ပါတယ်။
2015-06-27
ကယားပြည်နယ်မှာ ဒီနှစ်မိုးနောက်ကျတဲ့အတွက် ဒေသခံ လယ်သမားတွေ စပါးစိုက်ပျိုးဖို့ ရေ အလုံအလောက် မရရှိဘဲ အခက်တွေ့နေကြပါတယ်။