တကသ ကျောင်းသားများဆန္ဒပြပွဲ-ရန်ကုန်
2015.07.01
၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်နေတာကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲက နှုတ်ထွက်ပေးဖို့ ကျောင်းသားတွေ ဒီနေ့ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။