သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-14
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ)ကို ဖျက်သိမ်းဖို့ NLD ပါတီကိုယ်စားလှယ်တချို့က ပြင်ဆင်ချက်အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
2019-03-14
ရခိုင်ပြည်နယ် မြောက်ဦးမြို့က အသက် ၂၃ နှစ်အရွယ် မောင်လှမောင်ဝင်းဟာ မြောက်ဦးဆေးရုံကိုအသွား လမ်းမှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
2019-03-14
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ … စတဲ့ဒေသတွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-03-13
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာမှာ နေထိုင်တဲ့ ခိုလှုံလီရှောတိုင်းရင်းသားတွေကို TNLA တအာင်းပလောင်အဖွဲ့က ဖမ်းဆီးတာတွေရှိနေကြောင်း ဒေသခံတွေက မန္တလေးမြို့ မီဒီယာစင်တာမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2019-03-13
NLD ပါတီက တင်သွင်းတဲ့ အရေးကြီးအဆိုအရ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ တရားမဝင်ဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက ပြောလိုက်ပါတယ်။
2019-03-13
တပ်မတော်ပိုင် မြရိပ်ညို ဟိုတယ်ဝင်းအတွင်းမှာ ဇေကမ္ဘာကုမ္ပဏီက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ဒီလ ၂၆ ရက်နေ့ နောက်ဆုံးဖယ်ရှားပေးဖို့ တပ်မြို့စည်ပင်သာယာရေးကော်မတီက မနေ့က အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
2019-03-12
တရုတ်တစ်သျှူးငှက်ပျောကိစ္စ သတင်းရေးသားခဲ့တာနဲ့ပတ်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နှစ်ဦးနဲ့ သတင်းထောက် မမွန်းမွန်းပန်ကို အသရေဖျက်မှု ပုဒ်မ ၅ဝဝ နဲ့ အရေးယူပေးဖို့ သခင်စစ်ကုမ္ပဏီက ဝိုင်းမော်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားလိုက်ပါတယ်။
2019-03-11
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်က ၁၃ နှစ်အရွယ် ကလေးတစ်ဦး တရုတ်နိုင်ငံဘက်ကို ရောင်းစားခံရတယ်လို့ သိရပါတယ်။
2019-03-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့အခါ ပုဒ်မ ၅၉(စ)ကို လက်ရှိအတိုင်းထားပြီး မပြင်ဆင်ဖို့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အား ၅၀၀ လောက်က ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2019-03-11
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီးက ညောင်ကျေးရွာမှာ မနေ့က ၂ နာရီကြာ မီးလောင်မှုကြောင့် လူပေါင်း ၄၀၀ ကျော် အိုးအိမ်မဲ့ဖြစ်နေပါတယ်။
2019-03-11
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာ ကရင်နီ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ ဒီလအတွင်း တရားဝင်တေ့ွဆုံဆွေးနွေးဖို့ ဒီနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲကနေ သဘောတူညီမှု ရရှိခဲ့ပါတယ်။
2019-03-09
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် နဲ့ အပစ်ရပ် ၁၀ ဖွဲ့တို့ ဒီကနေ့ အလွတ်သဘောတွေ့ဆုံရာမှာ NCA စာချုပ်မှာ ပါဝင်တဲ့ သဘော တူညီချက်အရ NCA လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အချက် ၃ ချက်ကို ဘုံတူညီချက်အဖြစ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး NCA အပစ်ရပ် လက်မှတ် မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၈ ဖွဲ့လုံး ပူးပေါင်း ပါဝင် လာနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2019-03-09
မြန်မာတနိုင်ငံလုံးမှာ ကလေးဦးရေ စုစုပေါင်း ၁၂ သန်းခွဲလောက် ရှိတဲ့အထဲက ကအသက် ၁၈ နှစ်မပြည့်ဘဲ လုပ်ငန်းခွင်အသီးသီးကို ရောက်နေတဲ့ ကလေးအလုပ်သမားဦးရေ ၄ သန်းကျော် ရှိနေပါတယ်။
2019-03-09
ရခိုင်ပြည်နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ရာကျော် နုတ်ထွက်ခဲ့မှုကြောင့် နဂိုကတည်းကမှ မတည်မငြိမ်ဖြစ်နေတဲ့ ဒေသမှာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်မှာ စိုးရိမ်သံတွေလည်း ထွက်ပေါ်လာပါတယ်။
2019-03-08
KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။