သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-10
၂ဝ၁၂ ခုနှစ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
2016-05-10
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့ တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့အကူအညီတွေပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ အစိုးရက အကူအညီပေးနေတာတွေရှိနေကြောင်း တပ်မတော်သားကိုယ်စားလှယ် က တင်ပြခဲ့ပါတယ်။
2016-05-10
မြစ်ဆုံရေကာတာ စီမံကိန်း လုံးဝရပ်တန့်ပေးဖို့နဲ့ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းဒေသမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေ ပြန်လည်ရရှိဖို့ ဒေသခံတွေက လက်မှတ်ရေးထိုးပြီး သမ္မတကို တောင်းဆိုလိုက်ပါတယ်။
2016-05-10
နိုင်ငံတကာ သတင်းလောကရဲ့ အမြင့်ဆုံး သတင်းထူးချွန်ဆု ပူလစ်ဇာဆု ရရှိခဲ့တဲ့ ကချင်တိုင်းရင်းသူ သတင်းထောက် Esther Htusan နဲ့ အမေရိကန်အစိုးရက ချီးမြှင့်တဲ့ မျိုးဆက်သစ် ကမ္ဘာ့လူငယ်ခေါင်းဆောင်ဆု ရရှိခဲ့တဲ့ မသဉ္ဇာ ရွှန်းလဲ့ရည်တို့ကို အမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းတွေက ဂုဏ်ပြုပွဲကျင်းပခဲ့ကြပါတယ်။
2016-05-10
ရခိုင်ပြည်နယ်မှာ ဆားလုပ်ငန်းတွေ ပြန်လည်ဖ့ွံဖြိုး တိုးတက်လာဖို့အတွက် ပညာရှင်တွေနဲ့ ဒေသခံ ဆားတောင်သူတွေ စစ်တွေမြို့မှာ မတ်လ ၈ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
2016-05-10
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai နဲ့အတူ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-05-10
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ကို ဒေသခံတောင်သူတွေက လေးရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။
2016-05-10
တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ဟာ NLD ပါတီအစိုးရ တက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မေလ ၇ ရက်နေ့က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2016-05-10
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ "ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ" ကို ပြန်လည်ပြင်ဆင်ဖို့ မရှိဘူးလို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မေလ ၉ ရက်နေ့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
2016-05-07
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံသားခံယူခွင့်ဆိုင်ရာ ပြဿနာတွေကို "၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ" အရ အမြန် ဆုံး စိစစ်ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုကို ပြည်သူ့လွတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-05-07
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- ဗကသ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ... ဗကသ များအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေး ကိစ္စ၊ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ခေါ်ယူရေးကိစ္စ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံဖို့ တင်ပြထားတဲ့ ကိစ္စတွေကို ရှင်းပြခဲ့ပါတယ်။
2016-05-07
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောက်မဲ နဲ့ သီပေါမြို့နယ်တွေမှာ RCSS နဲ့ TNLA တပ်တွေ တကြော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ကျောက်မဲ နဲ့ သီပေါမြို့တွေမှာ စစ်ပြေးဒုက္ခသည်တွေ များလာနေပါတယ်။
2016-05-07
နေပြည်တော်ကို ချီတက်နေကြတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အခြေခံ စက်ရုံက အလုပ်သမားတွေဟာ ဒီကနေ့ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ ကို ရောက်ရှိနေကြပါတယ်။
2016-05-07
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-05-05
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာ က ခရစ်ယာန်ဘုရားကျောင်းဝင်းနဲ့၊ ရွှေဂွန်းကျေးရွာ က အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေနဲ့ ဗလီ လမ်းကြားမှာ မြိုင်ကြီးငူဆရာတော် ဦးသုဇန က စေတီတွေတည်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ကရင်ပြည်နယ်က ဘာသာရေးခေါင်းဆောင်တွေက မေတ္တာရပ်ခံ ထားပါတယ်။