“ရပ်ကျေးဥပဒေ” ပြန်ပြင်ဆင်ဖို့မရှိတဲ့ ပြည်ထဲရေးဌာန
2016.05.10
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၂ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ "ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ" ကို ပြန်လည်ပြင်ဆင်ဖို့ မရှိဘူးလို့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မေလ ၉ ရက်နေ့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။