သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-18
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-03-17
၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရန်ကုန် မြို့ ပြည်လမ်း- တံတားနီအနီးမှာ မဆလ တပါတီအာဏာရှင် အစိုးရရဲ့ အကြမ်းဖက်ဖြိုခွင်း မှုကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားကျောင်းသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီကနေ့ ပြည်လမ်း တံတားဖြူမှတ်တိုင်အနီးက အင်းလျားကန်ဘောင်မှာ ပြုလုပ်ခဲ့ပါတယ်။
2017-03-17
ရန်ကုန်မြို့က သူနာပြုတက္ကသိုလ် သင်တန်းသူသင်တန်းသား တထောင်နီးပါး မတ်လ ၁၅ ရက်နေ့က ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေပြည်တော်မှာ မတ်လ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-17
မဘသဆရာတော် ဦးဝီရသူ ပါရာဇိက ကျသွားပြီဆိုတဲ့ စာသားပါ သတင်းတင် တဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Myanmar Now သတင်းဌာနက ကိုဆွေဝင်းကို မန္တလေးမြို့ အမှတ် ၇ ရဲစခန်းက ရဲအုပ်ကျော်သူက မနေ့က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးမှာ လာရောက်မေးမြန်း စစ်ဆေးခဲ့ပါတယ်။
2017-03-17
ပရဲ့ ကယော တိုင်းရင်းသားတွေရဲ့ အမျိုးသားကြားဖြတ်ညီလာခံကို ကယားပြည်နယ် ဖရူဆိုမြို့က ထီးတရဲခန်းမဆောင်မှာ မတ်လ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သုံးရက်တာကျင်းပခဲ့ပါတယ်။ မျိုးနွယ်စု တစ်ခုတည်းဖြစ်ပေမဲ့ ပရဲ့နဲ့ကယောဆိုပြီး နာမည်ကွဲပြားနေတာကြောင့် ပရဲ့ ကယော နာမည်တစ်မျိုးတည်းကိုသာ အသုံးပြု သွားဖို့ညီလာခံမှာဆုံးဖြတ်ခဲ့ပါတယ်။
2017-03-17
မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အစိုးရကိုတင်ပြတဲ့ ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-16
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ အမှတ် (၁၂၁) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်က ပြန် လည်စွန့်လွှတ်တဲ့ လယ်ယာမြေဧက ၁၄ဝဝ ကို ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူက မူလ လယ်ပိုင်ရှင်တောင်သူ ၂၅ဝ ကို ဒီကနေ့ ပြန် လည်ပေးအပ်ခဲ့ပါတယ်။
2017-03-16
သူနာပြုတက္ကသိုလ် တက်ရောက်ပြီးဆုံးချိန်မှာ သူနာပြုလိုင်စင် ထုတ်မပေးဘဲ အစိုးရဆေးရုံတွေမှာ သုံးနှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စနစ်သစ်ကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သူနာပြုတက္ကသိုလ် (ရန်ကုန်) ရဲ့ သူနာပြု သင်တန်းသားသင်တန်းသူ တစ်ထောင်နီးပါးဟာ ဒီကနေ့ ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ကနေ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2017-03-16
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိမှာမဟုတ်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဒီနေ့ ပြောလိုက်ပါတယ်။
2017-03-16
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း မြောက်ဦးမြို့ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လျော့နည်းသွားတယ်လို့ ဒေသခံဧည့်လမ်းညွှန်တွေက ပြောပါတယ်။
2017-03-15
ဧရာဝတီမြစ်ပေါ်က ရေကာတာစီမံကိန်းတွေကို ဖျက်သိမ်းပေးဖို့ မြစ်ဆုံဒေသမှာ ဒီကနေ့ကျင်းပ တဲ့ နိုင်ငံတကာမြစ်ချောင်းများနေ့ အခမ်းအနား မှာ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
2017-03-15
အင်းစိန်အကျဉ်းထောင်ဟာ အကျဉ်းသားငါးထောင်လောက်သာ ထိန်းသိမ်းထားနိုင်တဲ့ထောင်ဖြစ်ပေမယ့် အခုအခါ အကျဉ်းသားဦးရေ တစ်သောင်းကျော်နေတဲ့အတွက် အကျဉ်းထောင်ချဲ့ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကို အသိပေးတင်ပြသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောလိုက်ပါတယ်။
2017-03-15
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ အသစ်ဖွင့်လှစ်မယ့် မော်လမြိုင်-ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်နဲ့ သတ်မှတ်ဂုဏ်ပြုဖို့အဆိုကို ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူတွေ ရှိပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူများတဲ့အတွက် အတည်ပြုလိုက်ပါတယ်။
2017-03-15
စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းကြောင့် မြောက်ဦးမြို့နယ်က တောင်သူတွေ လယ်ယာမြေသိမ်းဆည်းခံထားရတာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2017-03-14
စီးပွားရေးအရ တွက်ခြေမကိုက်တဲ့ စက်ရုံစီမံကိန်း ၄၄ ခုကိုရပ်ဆိုင်းဖို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ စက်မှုဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စက်ရုံအတော် များများကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း စက်မှုဝန်ကြီးဦးခင်မောင်ချိုက မတ်လ ၁၃ရက်နေ့က တင်ပြခဲ့ပါတယ်။