သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-06-12
ရခိုင်ပြည်နယ်အတွင်း မဲပေးနိုင်သူစာရင်းတွေကို လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ ကြေညာနိုင်ဖို့အတွက် ပြည်နယ်ရွေးကောက်ကော်မရှင်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စစ်တွေဟိုတယ်မှာ ဇွန်လ ၁၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-06-12
မန္တလေးတိုင်း မိုးကုတ်မြို့က ရေပူကျောင်းတိုက်ဆရာတော်ကို ကျောက်မျက်တရားမဝင် တူးဖော်နေတယ်လို့ စွပ်စွဲပြီး ရဲက လူဝတ်လဲ ဖမ်းဆီးသွားတဲ့အတွက် ဒေသခံတွေက ဆရာတော်ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဇွန်လ ၁၂ ရက်နေ့က တောင်းဆိုခဲ့ကြပါတယ်။
2015-06-12
ရန်ကုန် တာမွေမြို့နယ်၊ ပုသိမ်ညွှန့်ရပ်ကွက် စက်ဆန်းက အုတ်သဲကျောက်ဒိုင်တွေမှာ အလုပ်လုပ်နေကြသူတွေဟာ ဧရာဝတီတိုင်းက ရွှေ့ပြောင်းလာကြသူတွေဖြစ်ပြီး အများစုက နေ့စားအလုပ်သမားဘဝနဲ့ လုပ်ကိုင်နေကြပါတယ်။
2015-06-12
ကချင်ပြည်နယ်မြောက်ဖျား၊ ပူတာအိုဒေသက ပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် လေကြောင်းခရီး တစ်ခုတည်းကိုသာ အသုံးပြုနေရတာကြောင့် ခရီးသွားလာရေးမှာ အခက်အခဲ ဖြစ်နေပါတယ်။
2015-06-12
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေကို အခြေခံပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-06-12
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။
2015-06-12
အခုလအတွင်း ဆန်ဆီဆား၊ သားငါး.. စတဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေပါတယ်။
2015-06-12
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်က သဲချောင်းကျေးရွာအနီးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချတဲ့ဈေးကွက် တွင်ကျယ်လာနေပါတယ်။
2015-06-12
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် ပုဒ်မ လေးခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသူမပိုပိုနဲ့ ကိုဝင်းကျော့မှူး တို့ကို ဒီကနေ့ ရှစ်ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2015-06-12
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က တင်သွင်းလိုက်ပါတယ်
2015-06-11
သမ္မတဦးသိန်းစိန်ဟာ ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ အစိုးရဝန်ထမ်းတွေ ဒေသခံတွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ၂ဝ၁၅ ရွေးကောက်ပွဲ ကို ပြည်သူအားလုံးက ဝိုင်းဝန်းကူညီဖို့ တိုက်တွန်း ခဲ့ပါတယ်။
2015-06-11
သံလွင်မြစ်ထဲကရေကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အရှေ့တောင် ပိုင်းဒေသတွေကို တူးမြောင်းတွေ တည်ဆောက်ပြီး လွဲှပြောင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဆွေးနွေးရာမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။
2015-06-10
မန္တလေးတိုင်း အမရပူရ မြို့နယ်အတွင်းက တောင်အင်းမြောက်အင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လေလံပေးလိုက်တာကြောင့် အင်းကိုမှီခိုနေတဲ့ ဒေသခံတံငါသည်တွေ အလုပ်လုပ်ခွင့်မရတော့ပဲ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရပါတယ်။
2015-06-10
မန္တလေးတိုင်း မြို့သာမြို့မှာ ပရဆေးစိုက်ပျိုးရေးခြံ စီမံကိန်းအတွက် လယ်မြေဧက ၃ ထောင်ကျော် သိမ်းဆီးခံထားရတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေပြန်လည်ရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2015-06-10
ရှမ်းပြည်တောင်ပိုင်းက မြို့နယ် ၂၁ မြို့နယ်နဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာ မဲပေးပိုင်ခွင့် ရှိသူစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ပါတယ်။