သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-04
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့- DPN နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ ရန်ကုန်မြို့က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီနေ့ လေးကြိမ်မြောက် တွေ့ဆုံခဲ့ကြပြီး ညနေပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-04
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဟာ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်မြေဖြစ် တဲ့ ကော့မှူးမြို့နယ် ကနေ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်းအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2017-03-04
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်- အလုပ်သမား အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင် တဦးကို အလုပ်က ထုတ်လိုက်တဲ့အတွက် အလုပ်ပြန်ခန့်ပေးဖို့နဲ့၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့ အလုပ်သမားတွေက မတ်လ ၃ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
2017-03-04
ရခိုင်ပြည်နယ်မှာ သဘာဝသစ်တောတွေ ပြုန်းတီးလာနေတာကို တဖက်တလမ်းက ကာကွယ်နိုင်ဖို့ အတွက် ထင်းမီးသွေး လောင်စာတွေအစား ဘင်္ဂလားဒေ့ရ်ှနည်းပညာသုံး လောင်စာတောင့်တွေနဲ့ အစားထိုးဖို့ စစ်တွေမြို့ မှာ ကြိုးပမ်းနေပါတယ်။
2017-03-04
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ပါ။
2017-03-02
မကွေး နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်ရွေးကောက်ပွဲကို မတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို မကွေးအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2017-03-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောပွဲတခုကို ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ယာက ဘောလုံးကွင်းမှာ မတ်လ (၂) ရက်နေ့ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2017-03-02
သံလွင်မြစ်ကိုဖြတ်ပြီး မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ နာမည်မပေးဖို့အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ် ကညှော်ကျေးရွာမှာ ဒေသခံ ၃၀၀၀ လောက်က ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
2017-03-02
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကိုယ်စား လှယ်တွေ နေပြည်တော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်
2017-03-02
နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာဖို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားရေးအတွက် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာပြုလုပ်ခဲ့ပါတယ်။
2017-03-02
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်က စက်ရုံဝင်ပေါက်တွေရှေ့မှာ ကျူးကျော်ပိတ်ဆို့ ငွေတောင်းခံနေတာတွေကို အစိုးရထံ တိုင်ကြားပေမယ့် အရေးယူ ဆောင် ရွက်တာ မရှိသေးဘူးလို့ လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောပါတယ်။
2017-03-02
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က "ကံကောင်းခြင်းရတနာ" အထပ်သားစက်ရုံမှာ အလုပ်ချိန် လျှော့ပေးဖို့နဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေပေးဖို့ အလုပ်သမားတွေ ဒီနေ့ ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။
2017-03-01
၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့၊ နိုဝင်ဘာလ အတွင်း အရှေ့မြောက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-01
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2017-03-01
ပြီးခဲ့တဲ့ရက်ပိုင်းက ဝ,ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်းမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက် ကိုင် ၇ ဖွဲ့ အစည်းအဝေးမှာ NCA အပစ်ရပ်စာချုပ်ကို ငြင်းပယ်လိုက်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်အသစ် နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။