ဟန်ကျိုးပိုင်ရီစက်ရုံ အငြင်းပွားမှု
2017.03.04
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာရှိတဲ့ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်- အလုပ်သမား အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင် တဦးကို အလုပ်က ထုတ်လိုက်တဲ့အတွက် အလုပ်ပြန်ခန့်ပေးဖို့နဲ့၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးဖို့ အလုပ်သမားတွေက မတ်လ ၃ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။ RFA သတင်းထောက် ကိုကောင်းထက်ကျော်က တင်ပြထားပါတယ်။