သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-12
NLD အဖွဲ့ဝင်တွေ ပါတီတွင်း သဘောထား ကွဲလွဲနေကြပေမယ့် ဒါဟာ မိသားစုပြဿနာ ဖြစ်တာကြောင့် စိုးရိမ်စရာ မရှိပါဘူးလို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်း သုံးခွမြို့ကို သွားရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
2012-10-10
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး အခြေခံပညာ အထက်တန်းကျောင်းနဲ့ မြို့နယ် စည်ပင်သာယာရေး ဌာန ဝန်ထမ်းတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-10-10
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်လယ်ပိုင်းက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို RFA က တွေ့ဆုံမေးမြန်းခဲ့တာကို တင်ပြအပ်ပါတယ်။
2012-10-09
ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကိုယ်တိုင်ရေးသားတဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိပါမယ်။ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပါတယ်။
2012-10-09
"သတင်းစာများသည် သမိုင်းကို ပြောနေကြသည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်၊ ပန်းပဲတန်းမြို့နယ် ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ စင်ထရယ်ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်နဲ့ ကြေးမုံဦးကိုကိုကြီး တို့က ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။
2012-10-09
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ မနေ့က ရန်ကုန်မြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ အပါအဝင် လူ ၁ ထောင်ကျော် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2012-10-08
၂ဝ၁၂ အောက်တိုဘာလ ၄ ရက်နေ့ညက အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ကြိုဆိုနေကြပုံတွေကို ရိုက်ကူးတင်ပြထားပါတယ်။
2012-10-08
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန် ပြည်ထောင်စုအနောက်ဖက်ခြမ်းက မြန်မာတွေ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲကို သတင်းသွားရောက်ယူခဲ့တဲ့ အာရ်အက်ဖ်အေ ကိုနေရိန်ကျော်က သတင်းပေးပို့ပါတယ်။
2012-10-08
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ဆက်ဆံရေး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်စိုးက မေးမြန်းထားပါတယ်။
2012-10-08
မြန်မာသမ္မတဦးသိန်းစိန်ဟာ ကုလသမဂ္ဂခရီးစဉ်အဆုံး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2011-10-24
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉) နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ပဋိယတ္တိ စာသင်တိုက်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2011-10-24
ဧရာဝတီ မြစ်ကြီး စတင်မြစ်ဖျားခံရာ မေခနဲ့ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ မြစ်ဆုံဒေသမှာ တရုတ်အစိုးရနဲ့ သဘောတူညီထားတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး အစပြုခဲ့တဲ့ အခြေအနေတွေနဲ့အတူ တင်ပြထားပါတယ်။
2011-10-19
တရားမဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ပြန်ပို့ရာမှာ နှစ်ဖက်နိုင်ငံက ဒေသအာဏာပိုင်တွေရဲ့ စီးပွါးရေး အမြတ်ထုတ်နေပုံတွေကို တင်ပြထားပါတယ်။
2011-10-13
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က တခြား အကျဉ်းသားတွေနဲ့အတူ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွတ်မြောက်လာပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေထဲက RFA လွတ်လပ်တဲ့ အာရှအသံက ဆက်သွယ်မေးမြန်းခွင့်ရခဲ့သူတွေရဲ့ ပြောပြချက်တွေကို နားဆင်နိုင်ပါတယ်။
2011-09-28
ပြည်တော်ပြန် ဖိတ်ကြားမှုအပေါ် နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်သူ ပန်းချီဆရာ ကိုအောင်လတ်ရဲ့ အမြင်တွေကို မေးမြန်းတင်ပြထားပါတယ်။