သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-23
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ် ဟိုပုံးမြို့ နောင်တောင်း ပရဟိတ တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် ဘုန်းတော်ကြီးသင်ပညာရေး ညီလာခံကို သုံးရက်ကြာကျင်းပခဲ့ပါတယ်။
2015-05-23
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-05-22
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့အဖွဲ့ဟာ သမ္မတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး လှေစီးဒုက္ခသည်တွေကို လူသား ချင်းစာနာတဲ့ လူ့အခွင့်အရေး အခြေအနေတွေ အမြန်ဆုံးပေးတိုက်တွန်းခဲ့ပါတယ်။
2015-05-22
မကွေးမြို့နယ် ကြာကန်ရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေမှာ မကွေး-နတ်မောက် မီးရထားလမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖောက် လုပ်ရာမှာ ထိခိုက်နစ်နာခဲ့တဲ့ မြေယာတွေအတွက် လျော်ကြေးရဖို့ ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-05-22
ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကွန်လုံကျေးရွာအုပ်စုက လယ်မြေဧက ၅ ထောင်ကျော်ကို စစ်တပ်က သိမ်းဆည်းပြီး စစ်တန်းလျားဆောက်လုပ်ဖို့ စီစဉ်နေတဲ့အပေါ် မကျေနပ်တဲ့အတွက် လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ယာပိုင်ရှင်တစ်ဦးက ဒီနေ့မနက်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။
2015-05-22
“ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ် ပန်းတိုင်းခြုံရွာမှာ “တိရိစ္ဆာန်ဘေးမဲ့ဂေဟာ” ဖွင့်လှစ်လုပ်ကိုင်နေသူတစ်ဦးနဲ့ တစ်နေ့တာ တွေ့ဆုံခဲ့တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-05-22
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-05-21
အမျိုးသားပညာရေးဥပဒေကို အမြန်ဆုံး ပြင် ဆင်ပေးဖို့နဲ့၊ ဖမ်းဆီးခံထားရ တဲ့ ကျောင်းသားတွေ ကို ပြန်လွှတ်ပေးဖို့အတွက် ဒီနေ့ မန္တလေးမြို့ မှာ ကျောင်းသားတွေက မော်တော်ဆိုင်ကယ်တွေ စီးပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2015-05-21
၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က အဆိုတင်သွင်းရာမှာ ပယ်ချခံလိုက်ရပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က တင်ပြထားပါတယ်။
2015-05-21
အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာတဲ့ လှေစီးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က မနေ့က စစ်တွေမြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-05-21
ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စုနဲ့ မရမ်းကျေးရွာအုပ်စုကို မုတ္တမ ပင်လယ်က ပင်လယ်ဒီရေလှိုင်းတွေ မဝင်အောင်ကာထားတဲ့ ရေကာတာရှိနေပါတယ်။
2015-05-20
သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆၈ ပါတီ က ခေါင်းဆောင်တွေဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မနေ့ကတွေ့ဆုံပြီး ပြည်တွင်းငြိမ်း ချမ်းရေးကိစ္စ၊ ၂ဝ၁၅ ရွေးကောက်ပွဲကိစ္စတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။
2015-05-20
ကျောက်မျက်အခွန်ငွေတွေ တိုးမြင့်ကောက်ခံတော့မှာဖြစ်တဲ့ အတွက် နှစ်စဉ်ပြုလုပ်တဲ့ နေပြည်တော် ကျောက်မျက်ပွဲမှာ ပါဝင်ရောင်းချ မယ့် ကျောက်ကုန်သည် အရေအတွက် လျော့နည်းသွားပြီး ကျောက်မျက် ရတနာမှောင်ခိုဈေးကွက် ပိုမိုတွင်ကျယ်လာနိုင်တယ်လို့ ကျောက်မျက် လုပ်ငန်းရှင်တွေက ပြောပါတယ်။
2015-05-20
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ရန်ကုန် အခြေစိုက် The Sun Institute က စစ်တွေမြို့မှာ သင်တန်းပို့ချနေပါတယ်။
2015-05-20
လူမျိုး၊ဘာသာ မတူသူတွေကြား တဦးနဲ့တဦး ချစ်ချစ်ခင်ခင်နေထိုင်ကြဖို့ အတွက် My Friend လို့အမည်ပေးထားတဲ့ လှုပ်ရှားမှုတခုကို ဘာသာပေါင်းစုံကလူငယ်တွေ စုစည်းဖော်ဆောင်သွားဖို့ စီစဉ်နေပါတယ်။