သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-25
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ခြံစည်းရိုးအကြား နေထိုင်သူတွေကို “နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ” လို့ သုံးစွဲတာဟာ တိုင်းပြည်အတွက် အန္တရာယ်ကိုဖိတ်ခေါ်သလို ဖြစ်နေတဲ့အတွက် ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။
2019-01-25
အစိုးရထံက နှစ်သုံးဆယ်လုပ်ပိုင်ခွင့်နဲ့ ငှားရမ်းထားတဲ့ ကျော်ထက်ကျော်ကုမ္ပဏီရဲ့ အုတ်ကျင်း ဂုန်နီစက်ရုံနဲ့ လျှော်ရွေးလျှော်ထုပ်စက်ရုံ အလုပ်သမားသုံးရာကျော် အလုပ်ထုတ်ခံရမှုအတွက် အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-01-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာအတွင်းက မူလတန်းလွန်ကျောင်းကို သွားရောက်ခဲ့ပြီး ကျောင်းသူကျောင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ ကျောင်းရဲ့လိုအပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်။
2019-01-24
ဒီတပတ် RFA ကိုရေးတဲ့စာပေးတဲ့စာ အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်း စတဲ့ ဒေသက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-01-24
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းနဲ့လားရှိုးမြို့နယ် အစပ်မှာရှိတဲ့ တောင်ပေါ်ကျေးရွာက ဒေသခံတွေဟာ ဘိန်းကိုအဓိကထား စိုက်ပျိုးပြီး အသက်မွေးနေကြပေမယ့် စားဝတ်နေရေး အဆင်မပြေကြပါဘူး။
2019-01-24
မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို ဖမ်းဆီးတရားစွဲထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး ဖြေလျှော့ဆောင်ရွက် ပေးသွားမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ကတိပြုလိုက်ပါတယ်။
2019-01-24
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆန်းတုန်းမြို့က ပင်လယ်စာ ရေဘဝဲလုပ်ငန်းကို ပွဲစားက လိမ်လည်ပြီး အပို့ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၁၅ ဦးဟာ ဒီနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2019-01-24
NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU က ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးပွဲတရပ် ကျင်းပနေပါတယ်။
2019-01-23
တရုတ်နိုင်ငံကို တရားမဝင်လမ်းကြောင်းက သွားရောက် အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်က ရိက္ခာဖြတ်တောက်တဲ့အတွက် ထွက်ပြေးလာတဲ့ မြန်မာအလုပ်သမား ၄၅ ဦးဟာ ဒီကနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
2019-01-23
ကျောင်းသန့်ရှင်းရေးဝန်ထမ်းတိုးမြင့်ပေးဖို့နဲ့ ကျောင်းတွင်းလုံခြုံရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေဟာ တိုင်းအစိုးရရုံးမှာ ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။
2019-01-22
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒေသခံ နှစ်ထောင်ကျော်ဟာ နေရပ်ကို အမြန်ဆုံးပြန်ခွင့်ရဖို့အတွက် တိုက်ပွဲတွေရပ်စဲအောင်ကြိုးပမ်းပေးဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။
2019-01-20
၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ပြင်ဆင်လိုက်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ အလုပ်သမားအခွင့်အရေးတွေကို အပြည့်အဝရရှိရေးအတွက် လွတ်လပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က ဦးဆောင်ပြီး လူအင်အား တစ်ထောင်ကျော်က ဒီကနေ့ ရန်ကုန်မြို့ သခင်မြပန်းခြံကနေ မဟာဗန္ဓုလပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-01-20
၂ဝ၁၉ ဇန်နဝါရီလ ၁၉ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ " တကျော့ပြန် မြစ်ဆုံစီမံကိန်းနဲ့ တရုတ်နိုင်ငံရဲ့ သြဇာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-01-18
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP အကြား တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ကလေးငယ်တွေ ပညာရေးထိခိုက်မှုတွေ ရှိနေပါတယ်။
2019-01-18
တစ်နိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးမှု မရှိတဲ့ဖြစ်ရပ်တွေ အများအပြား ဖြစ်ပွားနေတာကို အစိုးရသိစေဖို့အတွက် အလုံမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ဝ လောက် ဒီကနေ့မနက်ပိုင်းက အလုံမြို့နယ်အတွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။