သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-04
ဒီတစ်ပတ်အစီအစဉ်မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ထိုင်းနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-04-03
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်က မြေယာတွေကို တရုတ်ကုမ္ပဏီတစ်ခုက “အခြားမြေယာ” အဖြစ် သုံးစွဲခွင့် လျှောက်ထားတာကို ဒေသက တောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။
2019-04-03
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော် အကြား စစ်ရေးပဋိပက္ခတွေ မြင့်မားလာနေတဲ့ အတွက် အခြေအနေတွေ ဆိုးဝါးမလာစေဖို့ အစိုးရ၊ တပ်မတော်နဲ့ AA အဖွဲ့အကြား တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အချိန်တန်နေပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
2019-04-03
လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမယ့် ၂၂ ရက်မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းမယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်လင်းစိုးလင်း က ပြောပါတယ်။
2019-04-02
လူမှုကွန်ရက်စာမျက်နှာ အသုံးပြုပြီး တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အင်းစိန်မြို့နယ်ရဲစခန်းက ဒီနေ့ အာမခံ ပေးလိုက်ပါတယ်။
2019-04-02
၂ဝ၁၈ ခုနှစ်အတွင်း မြို့နယ် ၅ဝ မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ လျော့နည်းသွားတယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ MIPS က ထုတ်ပြန်လိုက်ပါတယ်။
2019-04-01
အစိုးရအနေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကနေ ထွက်ပေါက်တစ်ခုအဖြစ် အသုံးချတဲ့အနေနဲ့ မြစ်ဆုံစီမံကိန်းကို အကောင်အထည်မဖော်ဖို့ “မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး” နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးက တောင်းဆိုလိုက်ပါတယ်။