သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-31
ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်း လွှတ်တော်တွေမှာ သက်ဆိုင်ရာ တိုင်း/ပြည်နယ် ဝန်ကြီးချုပ်တွေက အသီးသီး ကတိသစ္စာ ပြုခဲ့ကြ ပါတယ်။ မန္တလေးတိုင်းမှာ တိုင်းအစိုးရအဖွဲ့ တာဝန် လွဲှပြောင်းပေးရေးကိစ္စမှာ အရင်အစိုးရအဖွဲ့က တာဝန်လွဲှပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။
2016-03-31
NLD ပါတီ အစိုးရဖြစ်လာပေမယ့် တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅-ခ စတာတွေနဲ့ တရားစွဲခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။
2016-03-31
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတာဝန် လွှဲပြောင်းယူလိုက်ပြီးနောက် မတ်လ ၃၁ ရက်နေ့ ထုတ်ဝေတဲ့ နိုင်ငံပိုင် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ အရင်လို မဟုတ်တော့ဘဲ၊ တာဝန်လွှဲပြောင်းယူတဲ့ သတင်းတွေ ဆောင်းပါးတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်တွေကိုပါ ဝေဝေဆာဆာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
2016-03-31
သမ္မတဦးထင်ကျော် တင်သွင်းတဲ့ "နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ" ကို လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ မတ်လ ၃၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဥပဒေကြမ်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်ဖို့ ပါရှိပါတယ်။
2016-03-31
မြန်မာနိုင်ငံက သစ်ထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ခွင့်ပြုချက်မရှိတဲ့ သစ်တောတွေကိုပါ ခုတ်ပြီး ရောင်းစားနေတာကြောင့် တရားဝင် ကုမ္ပဏီဆိုပေမယ့် ဥပဒေအရ စစ်ဆေးပေးဖို့ လိုအပ်နေတဲ့အကြောင်း "စိမ်းလန်းအမိမြေအသင်း"က တောင်းဆိုလိုက်ပါတယ်။
2016-03-30
သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် ဟာ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကတိ သစ္စာပြုပြီးနောက် သမ္မတက တိုင်းပြည်ကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2016-03-30
ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ကျင်းပတဲ့ နိုင်ငံတော်သမ္မတနဲ့ ဒု-သမ္မတတွေရဲ့ ကတိသစ္စာပြု အခမ်းအနားကို သံတမန်တွေ ၊ လေ့လာ သူတွေ နဲ့ အနပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
2016-03-30
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေ ကတိသစ္စာပြုခဲ့ကြသလို ဝန်ကြီး ၁၈ ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေလည်း ကတိသစ္စာပြုကြပါတယ်။ နေ့လည်ပိုင်းမှာ နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်းပေးအပ် အခမ်းအနားကို သမ္မတအိမ်တော်က သံတမန်ခမ်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။
2016-03-30
NLD ပါတီက ရွေးချယ်တင်မြောက်လိုက်တဲ့ သမ္မတဦးထင်ကျော်နဲ့ အစိုးရအဖွဲ့သစ်ကို ရန်ကုန်မြို့ခံတွေက ကြိုဆိုလိုက်ကြပါတယ်။ လူငယ်တွေကလည်း အစိုးရသစ်လက်ထက်မှာ ပညာရေး တိုးတက်လာဖို့ မျှော်လင့်တယ်လို့ ပြောကြပါတယ်။
2016-03-30
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်က နမ္မတူမြစ်ပေါ်မှာ ရေကာတာလေးခု ဆောက်လုပ်ထား ပြီး၊ နောက်ထပ်လည်း ရေကာတာတစ်ခု ဆောက်လုပ်နေတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်တဲ့ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
2016-03-29
သမ္မတသစ် ဦးထင်ကျော် ရွေးချယ်ထားတဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် စာရင်းတွေကို မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ် လွှတ်တော်တွေမှာ မတ်လ ၂၉ ရက်နေ့ ဒီနေ့ အတည်ပြုခဲ့ကြပါတယ်။
2016-03-29
မကွေးတိုင်းရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ပွင့်ဖြူမြို့နယ်က NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညိုကို ဒီကနေ့ အတည်ပြု တာဝန်ပေးအပ်လိုက်ပါတယ်။
2016-03-29
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတယ်လို့ ဒီကနေ့ ရန်ကုန် ပုဇွန်တောင်မြို့နယ် Orchid Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသမီး အဖွဲအစည်းတွေက ပြောလိုက်ပါတယ်။
2016-03-29
ကချင်ပြည်နယ်က ရွှေတူးဖော်ရေးလုပ်ငန်းတွေ အကြောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအကြောင်းတွေနဲ့ ရွှေလုပ်သားတွေ အကြောင်းကို RFA က အပိုင်းလိုက်ခွဲပြီး တင်ပြပေးနေပါတယ်။
2016-03-29
ရှမ်းပြည်မြောက်ပိုင်း တာမိုးညှဲနဲ့ကွတ်ခိုင်မြို့နယ်မှာ နေထိုင်ကြတဲ့ "မုန်းဝန်းတရုတ်" လူမျိုးတွေကို "မုန်းဝန်းဗမာ" ဆိုတဲ့အမည်နဲ့မှတ်ပုံတင်တွေမှာ ဖော်ပြဖို့ လူဝင်မှု ကြီးကြပ်ရေးဌာနက ပြင်ဆင်နေတယ်လို့ သိရပါတယ်။