သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-08
၂ ပတ်တစ်ခါ ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-05-07
မြန်မာနိုင်ငံမှာ မိုလ်ဘိုင်းဖုန်း အသုံးများလာတာနဲ့အမျှ မိုလ်ဘိုင်းဖုန်းပြင်တဲ့ လုပ်ငန်းတွေလည်း များလာပါတယ်။
2015-05-07
ခရစ်ယာန်အသင်းအဖွဲ့တွေ စုပေါင်းကျင်းပတဲ့ Global Myanmar Youth Conference ကမ္ဘာလုံးဆိုင်ရာ မြန်မာလူငယ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။
2015-05-07
မန္တလေးမြို့ကနေ တရုတ်ပြည်နယ်စပ် မူဆယ်ဘက်ကို တင်ပို့နေတဲ့ သရက်သီးဈေးကွက်ဟာ တရုတ်ယွမ်ငွေ တန်ဖိုးမြင့်တက်နေပြီး မြန်မာငွေ တန်ဖိုးကျဆင်းနေတာကြောင့် ဈေးကောင်းရနေပါတယ်။
2015-05-07
ရှမ်းပြည်နယ်တောင်ပိုင်းကထွက်ရှိတဲ့ ခရမ်းချဉ်သီးတွေဟာ မိုးမမှန်တာ ဈေးနှုန်းနည်းတာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
2015-05-07
ဧရာဝတီတိုင်း ဘိုကလေးမြို့က ဂဏန်းရောင်းဝယ်ရေး လုပ်ကိုင်သူတွေဟာ အခွန်ငွေပေးဆောင်ရတာ များလာတာတွေအပြင်၊ ဂဏန်းရှားပါးလာတာတွေကြောင့် အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။
2015-05-07
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၃၇ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားရာမှာ၊ ဒီကနေ့ အမရပူရမြို့နယ်တရားရုံးမှာ ကျောင်းသားတစ်ဦးကို ရုံးထုတ်ခဲ့ပါတယ်။
2015-05-06
အလုပ်သမား-အလုပ်အကိုင်နဲ့လူမှုဖူလုံရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အလုပ်သမားကိုယ်စားလှယ်တွေနဲ့ မေလ ၂ ရက်နေ့ က တွေ့ဆုံပြီး အလုပ်သမားတွေအတွက် အခြေခံလစာသတ်မှတ်ရေး ဆွေးနွေးခဲ့ကြပါတယ်။
2015-05-06
ရွေးကောက်ပွဲသတင်းတွေရယူကြမယ့် သတင်းမီဒီယာသမားတွေ လိုက်နာသင့်-ရှောင်ကြဉ်သင့်တဲ့အချက်တွေကို ရေးသားပြုစုထားတဲ့ “ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်” ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့-IMS ပူးတွဲပြီး ဖြန့်ဝေလိုက်ပါတယ်။
2015-05-06
ရန်ကုန်မြို့က အိမ်ရာဈေးကွက်မှာ ရောင်းအားကျဆင်းလာနေတာကြောင့် ရောင်းအားကောင်းလာဖို့အတွက် အထပ်မြင့်တိုက်ခန်း အရောင်းပြပွဲတစ်ခုကို မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သုံးရက်ကြာပြသခဲ့ပါတယ်။
2015-05-06
ရန်ကုန်တိုင်းအစိုးရက ယာယီရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ တွံတေးမြို့နယ်နဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တို မြို့နယ်တွေက ဒေသခံ ငါးရာကျော်က မနေ့က တွံ့တေးမြို့နယ် ခလောက်ချိုက်ကျေးရွာမှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။
2015-05-06
မွန်ပြည်နယ် ရေးမြို့နယ်၊ အံဒင်ကျေးရွာမှာ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်မယ့်စီမံကိန်းကို ဒေသခံ ၇ ထောင်ကျော်က အံဒင်ကျေးရွာဘောလုံးကွင်းမှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2015-05-05
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီ မြို့တော်မှာ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် သီးသန့် တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-05-05
မန္တလေးမြို့ Hazel ဟိုတယ်မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် ညီလာခံကို မေလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။
2015-05-05
မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ Novotel Hotel မှာ မေလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။