ရွေးကောက်ပွဲလမ်းညွှန်နဲ့ မီဒီယာတာဝန်
2015.05.06
ရွေးကောက်ပွဲသတင်းတွေရယူကြမယ့် သတင်းမီဒီယာသမားတွေ လိုက်နာသင့်-ရှောင်ကြဉ်သင့်တဲ့အချက်တွေကို ရေးသားပြုစုထားတဲ့ “ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်” ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့-IMS ပူးတွဲပြီး ဖြန့်ဝေလိုက်ပါတယ်။ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် မစန်းမော်အောင် က တွေ့ဆုံမေးမြန်းထားပါတယ်။