သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-29
ပထမဆုံးအကြိမ် ဒဂုံတက္ကသိုလ် သြင်္ကန်ပွဲတော်ကို ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မတ်လ ၂၈ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
2016-03-29
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ အဆိုပြုထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ကန့်ကွက်ကြောင်း ဒီနေ့ ပြည်ထောင်စုလွှတ်တော် မှာ တင်ပြခဲ့ပေမယ့် အဆိုကို ပယ်ချလိုက်ပါတယ်။
2016-03-28
ဥပဒေ လေးစားလိုက်နာမှု အားနည်းတာနဲ့ လက်နက်ကိုင်သောင်းကျန်းမှုတွေဟာ ဗရမ်းဗတာဒီမိုကရေစီကို ဦးတည်သွားစေနိုင်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2016-03-28
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်... စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် ဝန်ကြီးချုပ် အမည်စာရင်းတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေကို သမ္မတသစ် ဦးထင်ကျော်က ဒီနေ့ တင်ပြလိုက်ပါတယ်။
2016-03-28
မတ်လ ၂၈ ရက် ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းခဲ့တာကြောင့် ရခိုင်အမျိုးသားပါတီ ANP လွှတ်တော် ကိုယ်စားလှယ်တွေက အစည်းအဝေး ခန်းမထဲကနေ အားလုံးထွက်ခွာပြီး သပိတ်မှောက်ခဲ့ကြပါတယ်။
2016-03-28
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က ရေထွက်ဦးပန်းခြံအတွင်းမှာ နှစ်ထပ်ဈေးအသစ် တည်ဆောက်နေတာကို ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး အစိုးရကို တင်ပြသွားမယ်လို့ ကွတ်ခိုင်မြို့က ဒေသခံတွေက ပြောပါတယ်။
2016-03-25
သမ္မတဦးသိန်းစိန်အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးသဘောတူစာချုပ်-NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးတစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပနေ ပါတယ်။
2016-03-25
ကရင်ပြည်နယ် ဖားအံမြို့မှာ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွေ စတင်ပြုလုပ်နေပါတယ်။ ဒီကနေ့ အစည်းအဝေး ဒုတိယနေ့မှာ ရေးရာကော်မတီ ၅ ခုကို အတည်ပြု ဖွဲ့စည်းခဲ့ပါတယ်။
2016-03-25
ကချင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးမှု ရှိတဲ့အချိန်အထိ ဖားကန့်မြို့နယ် က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားပေးဖို့ ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့စည်းတွေ က တောင်းဆို လိုက်ပါတယ်။
2016-03-25
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ဈေးကွက်မှာ ဗီယက်နမ်နိုင်ငံက Viettel ကုမ္ပဏီ ထပ်တိုးလာတော့မှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီနဲ့အတူ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆက်သွယ်ရေး သတင်းအချက်နဲ့ နည်းပညာဝန်ကြီးဌာနက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2016-03-25
မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာလုံးကျွတ်နီး ပါး ရွှေ့ပြောင်းရတာတွေ ရှိနေပါတယ်။ ရေအရင်းမြစ်နဲ့ မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေကာတာတွေ တည်ဆောက် ပေးနေ တာတွေလည်း ရှိပါတယ်။
2016-03-25
နှစ်ပေါင်း ၁၆ဝ ကျော်သက်တမ်းရှိတဲ့ ဦးပိန်တံတားရဲ့ ကျွန်းတိုင်တချို့ကို မန္တလေးတိုင်းအစိုးရအဖွဲ့က ရှေးမှုမပျက် ပြန်လည်ပြုပြင်နေတာ တွေ့ရပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2016-03-25
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဒေသနဲ့ကိုက်ညီတဲ့ မျိုးစေ့တွေ စိုက်ပျိုးနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ခုကို မကွေးမြို့နယ် မကြီးကန်းကျေးရွာ မှာ ပြုလုပ်ခဲ့ပါတယ်။
2016-03-25
မန္တလေးစက်မှုဇုန်က အညစ်အကြေး ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စက်မှုဇုန်အနီးတဝိုက်မှာ နေထိုင်သူတွေနဲ့၊ မန္တလေးစက်မှုဇုန် ရေဆိုးသန့်စင်ရေးစီမံကိန်း တာဝန်ရှိသူတွေ မတ်လ ၂၂ ရက်နေ့က ညောင်ပင်စောက်ကျေးရွာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2016-03-25
ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ကယား၊ ရခိုင်... စတဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အစည်းအဝေးတွေကို ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်မြို့တွင်း ဂုံးကျော်တံတား တည်ဆောက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်အတော်များများက ဆွေးနွေးခဲ့ကြပါတယ်