သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-18
ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၁၆ရက်နေ့က စတင်ပြောင်းလဲလိုက်တဲ့ ဘတ်စ်ကားစနစ်ဟာ ခရီးသွားပြည်သူတွေအတွက် အခက်အခဲတွေ ရှိနေသေးတာကြောင့် မီးရထားကို အသုံးပြုသူ ပုံမှန်ထက် ပိုများလာပါတယ်။
2017-01-18
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားလိုင်းသစ်တွေ စတင်ပြေးဆွဲပြီး ဒီနေ့ ဒုတိယနေ့မှာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုယ်တိုင် YBS ယာဉ်လိုင်းကားတွေကို စီးနင်းပြီး ခရီးသွားသူတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ယာဉ်မောင်းတွေကို တွေ့ဆုံခဲ့ပါတယ်။
2017-01-18
ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်း ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် ဒေသတွင်း ဝါးလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းနေပါတယ်။
2017-01-18
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ နေ့လည်ပိုင်း က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2017-01-18
မြန်မာနိုင်ငံက ကောက်ပဲသီးနှံဈေးကွက်နဲ့ပတ်သက်လို့ မန္တလေးကုန်စည်ဒိုင်ကို သွားရောက်လေ့လာခဲ့တဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။
2017-01-17
KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့အနေ နဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွေ ပျက်မသွားစေချင်တဲ့အတွက် အစိုးရတပ်ရဲ့ ထိုးစစ်တွေကို မလွဲမရှောင်သာ ခုခံစစ်အဖြစ် ရင်ဆိုင်နေတာလို့ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွမ်မော် က ပြောလိုက်ပါတယ်။
2017-01-17
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားလိုင်းတွေ အသစ်ပြောင်းလဲလိုက်ပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဖွင့်လှစ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပါတယ်။
2017-01-17
အများပိုင် ဘတ်စ်ကားလိုင်းစနစ် ပြောင်းလဲလိုက်ပေမယ့် အရင် မထသလက်အောက်မှာ လုပ်ကိုင်ခဲ့ကြတဲ့ ကားပိုင်ရှင်တချို့က သူတို့လိုချင်တဲ့ကားလိုင်း မရတဲ့အတွက် စနစ်သစ်အပေါ် မကျေနပ်တာတွေလည်း ရှိနေပါတယ်။
2017-01-17
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံချက်အရ ဒီနေ့ကစပြီး မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့ “မထသ” ကို ဖျက်သိမ်းပြီး၊ YBS လို့ခေါ်တဲ့ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု အများပိုင်ယာဉ်တွေကို စတင်ပြေးဆွဲရာမှာ ဘတ်စ်ကားအသုံးပြုနေတဲ့ ပြည်သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
2017-01-13
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ Yanghee Lee ဟာ မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး၊ ရခိုင်ပြည်နယ်နဲ့ တခြား တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့် အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းအကြံပြုခဲ့ပါတယ်။
2017-01-13
TNLA တအာင်း-ပလောင် လွတ်မြောက်ရေးတပ်မတော် ရဲ့၅၄ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ပလောင်-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်က ကျေးရွာတရွာမှာ မနေ့က ကျင်းပခဲ့ပါတယ်။
2017-01-13
ရန်ကုန်မြို့က ဘတ်စ်ကားလိုင်းသစ်တွေကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်ပြောင်းလဲ ပြေးဆွဲတဲ့ အခါ ပြည်သူတွေ အခက်အခဲမရှိအောင် ကူညီမယ့် စေတနာ့ ဝန်ထမ်း ၃ ရာကျော်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
2017-01-13
မန္တလေးတိုင်းအတွင်းမှာ မောင်းနှင်နေကြတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေကို ဒေသတွင်း လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းအစိုးရထံတင်ပြ သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဒီကနေ့ တိုင်းဒေသကြီး လွှတ်တော်မှာ ပြန်လည် ဖြေကြား လိုက်ပါတယ်။
2017-01-13
HRW အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသက မွတ်ဆလင်တွေအပေါ် မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ၊ သက်သေထွက်ဆို ပြောကြားခဲ့တဲ့ ရုပ်သံဗီဒီယို မှတ်တမ်းတခုကို ၂ဝ၁၆ ဒီဇင်ဘာလ စတုတ္တပတ်က ထုတ်ပြန်ခဲ့ပါတယ်။
2017-01-13
အမေရိကန်ပြည်ထောင်စု အခြေစိုက် Human Rights Watch- လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂ဝ၁၇ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့် အရေး အစီရင်ခံစာထုတ်ပြန်ပွဲကို ဝါရှင်တန်ဒီစီမြို့တော်က အမျိုးသား စာနယ်ဇင်း အသင်းမှာ ဇန်နဝါရီလ ၁၂ ရက်- မနေ့က ကျင်းပခဲ့ပါတယ်။