သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-12
သက်ငယ်မုဒိမ်းမှုတွေကို လျှော့ချနိုင်ဖို့အတွက် အခြေခံပညာ မူလတန်းကစပြီး အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့အဆိုကို ဒီကနေ့ မန္တလေးတိုင်းလွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြု လိုက်ပါတယ်။
2017-01-12
မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအဖြစ် Myanmar National Tele-Communication ကုမ္ပဏီကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ (၁၂) ရက်နေ့ ဒီကနေ့ လုပ်ငန်းလိုင်စင် ပေးအပ်လိုက်ပါတယ်။
2017-01-12
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ ၂ဝ၁၁ ခုနှစ်ကစပြီး မလေးရှားကုမ္ပဏီက လုပ်ကိုင်နေတဲ့ ဆီအုန်းစိုက်ခင်း စီမံကိန်းကြောင့် မြေယာအသိမ်းခံရတာတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာတွေနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတစောင်ကို လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ထုတ်ပြန်လိုက်ပါတယ်။
2017-01-12
ပြည်သူတွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးတောင်းဆိုပွဲ တစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဇန်နဝါရီလ ၁၁ရက်နေ့ ညမှာ အဖွဲ့အစည်းအတော်များများက စုပေါင်း ကျင်းပခဲ့ကြပါတယ်။
2017-01-12
ရန်ကုန်မြို့မှာ ယာဉ်လိုင်းအသစ်တွေ စတင်ပြေးဆွဲမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အများပြည်သူ သွားလာရ လွယ်ကူစေဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပရဟိတလူငယ်တွေက ကားမှတ်တိုင်တိုင်းမှာ စောင့်ဆိုင်းပြီး ကူညီကြမယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။
2017-01-12
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က 'ဇိုင်းအောင်' နဲ့ 'မဂါးယန်' ဒုက္ခသည်စခန်းတွေအနီးမှာ မနေ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဒုက္ခသည် ၄ ထောင်ကျော် မနေ့က တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးခဲ့ကြရာမှာ တရုတ်အာဏာ ပိုင်တွေက လက်မခံဘဲ ဒီကနေ့မနက်ပိုင်းမှာ ပြန် လွှတ်လိုက်ပါတယ်။
2017-01-12
မွန်ပြည်နယ်အစိုးရအဖွဲ့ကဧည့်ဂေဟာဆောက်လုပ်တာကို ပြည်နယ်လွှတ်တော် က ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားပေမယ့် ပြီးစီးအောင်တည်ဆောက်မှာဖြစ် တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။
2017-01-12
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့က ရပ်ကွက်တချို့မှာ သုံးရေအတွက် ရေစည်ကိုသာ ဝယ်ယူသုံးစွဲနေရဆဲဖြစ်ပါတယ်။
2017-01-12
ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံနဲ့ ကုန်တင်ယာဉ် ရပ်နားစခန်းမှာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ လုပ်ငန်းရှင်တွေ၊ စခန်းကော်မတီဝင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-01-11
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်မှာ စစ်တပ်သိမ်းမြေကျူးကျော်မှုနဲ့ ဖမ်းဆီးခံရပြီး မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ ခန်လူးကျေးရွာက တောင်သူ ၂၁ ဦးကို စဉ့်ကိုင်မြို့နယ်တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေး လိုက်ပါတယ်။
2017-01-11
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဟာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံတွေနဲ့ ဇန်နဝါရီလ (၁ဝ) ရက်နေ့ ဒီနေ့တွေ့ဆုံခဲ့ပါတယ်။
2017-01-11
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က စစ်ဘေးကယ်ဆယ်ရေးစခန်း တချို့ကို သွားရောက်လေ့လာခဲ့ပါတယ်။
2017-01-11
မြန်မာနိုင်ငံမှာ ကျောက်စိမ်းတွေကို အထိန်းအကွပ်မဲ့ ထုတ်လုပ်နေတာတွေ၊ တရားမဝင် ပြည်ပကို သယ်ယူရောင်းချနေတာတွေကို အစိုးရအနေနဲ့ တိတိကျကျ ကိုင်တွယ်ဖို့၊ ကျောက်လောကသားတွေက လိုလားနေကြပါတယ်။
2017-01-10
မကွေးတိုင်းအတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေ ရဲ့ တွေ့ဆုံဆွေးနွေးပွဲကို မကွေးမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2017-01-09
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရင်က ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ မှာ နိုင်ငံခြားသားဧည့်သည်လာရောက်မှု လျော့ကျလာတဲ့အတွက် ခရီးသွားလုပ်ငန်းအပေါ်မှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ဟိုတယ်လုပ်ငန်း လုပ်ကိုင် သူတွေက ပြောပါတယ်။