သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-09
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကြီး မီးလောင်မှု တစ်နှစ်ပြည့်အနေနဲ့ ဈေးသူ ဈေးသား ၂၀၀ နီးပါးက မင်္ဂလာဈေးကြီးကို အသစ်ပြန်လည်တည်ဆောက်ပေးဖို့ ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-01-09
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ချိန်မှာ သုံးစွဲဖို့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ငွေကျပ်သိန်း နှစ်ထောင်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တဆင့် လှူဒါန်းလိုက်ပါတယ်။
2017-01-07
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်-မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်းတချို့မှာ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့အတွက် ဒုက္ခသည် တချို့ သေဆုံးနေ တဲ့ အကြောင်း အဲဒီစခန်းတွေကို သွားရောက်ခဲ့တဲ့ "အဖြူရောင် တွဲလက်များ" အဖွဲ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-01-07
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-01-07
Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အပေါ် ရန်ကုန်တိုင်းအစိုးရက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့ ၆ ကြိမ်မြောက် ရုံးချိန်းမှာ တာမွေတရားရုံး က အာမ,ခံ ပေးလိုက်ပါတယ်။
2017-01-07
မြန်မာနိုင်ငံလူငယ်မူဝါဒ ရေးဆွဲရေးမှာ ပါဝင်ဖို့ကျန်နေတဲ့ ကယားပြည်နယ်က လူငယ်တွေနဲ့ လူမှုဝန်ထမ်း-ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံပွဲကို ကယားပြည်နယ်မှာ မနေ့ကစပြီး ၂ ရက်ကြာ ကျင်းခဲ့ပါတယ်။
2017-01-07
ကုန်ပစ္စည်းထုတ်လုပ် ရောင်းချဖြန့်ဖြူးသူတွေအနေနဲ့ သက်ဆိုင်ရာဌာနအသီးသီးက ခွင့်ပြုထားတဲ့ ထောက်ခံချက်၊ လိုင်စင်နဲ့၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်တွေ မပါဘဲ ဆက်ပြီး ရောင်းချနေမယ်ဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားတော့မှာဖြစ်တယ်လို့ လားရှိုးမြို့က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2017-01-07
အစ္စလာမ်တပ်မတော် ထူထောင်ပြီး နိုင်ငံတော်ပုန်ကန်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့အပြင်၊ အကြမ်းဖက်မှုဥပဒေ ပုဒ်မတွေနဲ့ပါ ထပ်ပြီး တရား ရင်ဆိုင်နေရတဲ့ မန္တလေးမြို့က ပန်းချီဆရာ ဦးဇော်မင်းထွေး အကြောင်းကို RFA သတင်းထောက် ကိုကောင်းထက်ကျော်က တင်ပြထားပါတယ်။
2017-01-05
အစ္စလာမ်တပ်မတော် ထူထောင်ပြီး နိုင်ငံတော် ပုန်ကန်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ ထောင် ဒဏ်တသက်တကျွန်း ချမှတ်ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ-ည နဲ့ မန္တလေး ခရိုင်တရားရုံးမှာ ဒီကနေ့ ထပ်ပြီး ရုံးထုတ်ခဲ့ပါတယ်။
2017-01-05
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်း ကျေးရွာအနီးမှာ ရုပ်ရှင် သရုပ်ဆောင်လွင်မိုး ဝယ်ယူထားတဲ့ မြေကွက်ဟာ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးစောနေဗလိုက သူပိုင်ဆိုင်တာဖြစ်ကြောင်း ပိုင်ဆိုင်မှု အထောက်အထားတွေနဲ့အတူ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-01-05
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ပေးဖို့နဲ့၊ စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသားတွေ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-01-05
ကျေးလက်ကျန်းမာရေး ဌာနခွဲကို ဒေသခံတွေ တောင်းဆိုတဲ့ ရွာမှာ ဖွင့်မပေးဘဲ လူဦးရေနည်းပါးပြီး သွားလာရခက်ခဲတဲ့ ကျေးရွာမှာ ဖွင့်ပေးလို့ဆိုပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကရဝေးကျေးရွာက ဒေသခံ ၂၀၀နီးပါးဟာ ဘီလင်းမြို့ပေါ်မှာ ဇန်နဝါရီလ ၅ရက်နေ့က ဆန္ဒပြကြပါတယ်။
2017-01-05
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ အသံသွင်းခဲ့တဲ့ “နိုင်ငံတော် သီချင်း” ဓာတ်ပြားအချပ်ရေ ၂၉ဝ နဲ့၊ ၁၇၇၁ ခုနှစ်က ရေးဆွဲထားတဲ့ အရှေ့တောင်အာရှ မြေပုံတွေ လှူဒါန်းတဲ့ အခမ်းအနားကို နေပြည်တော်က အမျိုးသားစာကြည့်တိုက်မှာ ဇန်နဝါရီလ (၅) ရက်နေ့ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-01-05
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကျင်းပခဲ့ပါတယ်။
2017-01-05
၆၉ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေကို မြို့နယ် အသီးသီးမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ပျော်ပွဲရွှင်ပွဲတွေအကြောင်း RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။