သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-29
ဧပြီလ ၂၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ခေတ်စနစ်တွေ အကြောင်း " ဆိုတဲ့ ခေါင်း စဉ်အောက်မှာ စာရေးဆရာ မောင်သာချို၊ နဲ့ ကာတွန်းဆရာ စိုးသော်တာ တို့က ပင်တိုင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-04-29
နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ဟိုတယ်နဲ့ ခရီးသွားလာရေး၊ ကျန်းမာရေးနဲ့ အားကစား၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန စတဲ့ဌာနတွေရဲ့ တနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်တွေအကြောင်း သတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေးဝန်ကြီး ဌာနမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-04-29
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဒေသခံ လုပ်ငန်းရှင်တဦးက ကိုယ်ပိုင်ငွေကြေး ကိုအသုံးပြုပြီး အများပြည်သူ အပန်းဖြေနားနေဖို့ ပန်းခြံလေးတခု တည်ဆောက် ထားပါတယ်။
2017-04-29
ရန်ကုန်တိုင်းအစိုးရက တင်သွင်းတဲ့ "၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခွန်အခဥပဒေကြမ်း" ကို ဒီကနေ့ တိုင်းလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရာမှာ ကိုယ်စားလှယ်တဦးက ကန့်ကွက်ခဲ့ပါတယ်။
2017-04-29
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-04-28
ရန်ကုန်မြို့က YBS အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်ကို လက်ရှိထက် ပိုမိုကောင်းမွန်ဖို့၊ ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူဖို့ တိုက်တွန်းကြောင်းအဆိုကို ရန်ကုန် တိုင်းလွှတ်တော် က ဒီနေ့ အတည်ပြုလိုက်ပါ တယ်။
2017-04-27
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ရွေးချယ်တဲ့... အခုနှစ်အတွက် အာရှတိုက်က အသက် ၃ဝ အောက် ထူးချွန်စီးပွားရေးလုပ်ငန်းရှင် အယောက် ၃ဝ စာရင်းမှာ မြန်မာနိုင်ငံက "အမရာ" Digital Marketing Agency တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် မချမ်းမြေ့ခိုင်ကို ရွေးချယ်ဖော်ပြခဲ့ပါတယ်။
2017-04-27
မွန်ပြည်နယ် မော်လမြိုင်နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဆိုပြီး ဆိုင်းဘုတ်တင်လိုက်ပြီး ဒီနေ့ စတင်ဖြတ်သန်းခွင့်ပြုလိုက်ပါတယ်။
2017-04-27
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ခါလိန်ကျေး ရွာက တောင်သူတွေ ရဲ့မြေနေရာမှာ လက်ရှိမြန်မာ့ သစ်လုပ်ငန်း က လုပ်ငန်းအကောင်အထည် ဖော်မှုတွေမရှိတော့တဲ့ သိမ်းဆည်းထားတဲ့လယ်ယာမြေတွေကို မူလတောင်သူတွေကိုပြန်လည် စီစစ်ပြီးပေးအပ်ဖို့ခါလိန်ကျေးရွာသားတွေက ဧပြီလ ၂၇ရက်နေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
2017-04-26
စစ်ကိုင်းပညာရေးကောလိပ် မှာကျင့်သုံးနေ တဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ကြောင်း မန္တလေးမြို့ အဆင့်မြင့်ပညာဦးစီးဌာ (အထက်မြန်မာပြည်) ရုံးရှေ့မှာ ဧပြီလ ၂၆ရက်နေ့ က ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2017-04-26
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းတောင် နီကယ်စီမံကိန်းနဲ့၊ ဂရိတ်ဝေါသကြားစက် စီမံကိန်းမှာ ဒေသခံတောင်သူတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေအတွက် ကာလပေါက်ဈေး အတိုင်း လျော်ကြေးပေးဖို့ ဒေသခံတောင်သူတွေက ဒီကနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-04-26
ကယန်းပြည်သစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်-ခေါ် ကိုဌေးအောင်ရဲ့ ဈာပနပွဲကို ဒီနေ့ သံလျင်မြို့နယ်မှာရှိတဲ့ "ဒါရ်ကာ" အစ္စလာမ်သင်္ချိုင်းမှာ ကျင်းပခဲ့ပါတယ်။
2017-04-26
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်က စမတောင်ဆရာတော် ဦးဝိမလ တည်ထောင်ထား တဲ့ ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယာဉ်မှာ မိဘတွေစွန့်ပစ်ခံရတဲ့မွေးကင်းစကလေးကနေ ဘွဲ့ရတဲ့ အရွယ်ထိ အနယ်နယ်အရပ်ရပ်က လူမျိုးမခွဲ၊ ကိုးကွယ်ရာဘာသာမခွဲခြားပဲ ကလေးပေါင်း ၇၀၀ နီးပါး ကို စောင့်ရှောက်ထားပါတယ်။
2017-04-26
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်က တင်ပြလာတဲ့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2017-04-25
အရင် မကွေးတိုင်းအစိုးရလက်ထက်က လက်ယက်ရေနံတွင်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေ ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ ပြည်ထောင်စု အစိုးရရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဆက်ပြီးအရေးယူ ဆောင်ရွက်သွားဖို့ တိုင်းအစိုးရကို ပြန်လည်လွှဲအပ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးဒီကနေ့ ဧပြီလ ၂၅ ရက် နေ့မှာ မကွေးတိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။