မနီလာသိန်းနဲ့ ဗကသခေါင်းဆောင်တွေ ရုံးထုတ်
2016.03.21
၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းနဲ့၊ ဗကသများ အဖွဲ့ချုပ်က ကိုလင်းထက်နိုင်၊ မဖြိုးဖြိုးအောင်တို့ကို "တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။ ဒီနေ့ မတ်လ (၂၁)ရက် တရားရုံးမှာ မနီလာသိန်းက သူ့ကို တရားခံပြေးအဖြစ် ကြေညာခဲ့တဲ့ ဘုရင်နောင်နယ်မြေ ရဲစခန်းမှူး ကို ပြန်လည်တရားစွဲတာကို မြို့နယ်တရားရုံးက လက်ခံလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။