ရှမ်းရိုးရာ “ဟမ်းငိုင်းဓားလုပ်ငန်း”
2017.02.09
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်ထဲက မိုင်းကိုင်ဒေသဟာ အရင် ရှမ်းစော်ဘွားတွေလက်ထက် ကတည်းက ကျေးရွာတွေအလိုက် ရိုးရာလက်မှု လုပ်ငန်းတွေ ထွန်းကားခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာက ရှမ်းရိုးရာ "ဟမ်းငိုင်းဓားလုပ်ငန်း" အကြောင်း RFA သတင်းထောက် ကိုကံသာက တင်ပြ ထားပါတယ်။