တနိုင်းရွှေမှော်က ထွက်ပြေးလာတဲ့ ဦးဝေါ်လေး
2017.06.08
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းက ရွှေမှော်တွေကို အစိုးရတပ်က နယ်မြေရှင်းလင်းတော့မှာမို့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တနိုင်းမြို့ပေါ်ကို ပြောင်းရွှေ့ ခိုလှုံနေကြပါတယ်။
KIA ထိန်းချုပ်နယ်မြေနဲ့ ထိစပ်နေတဲ့ အဲဒီရွှေမှော်တွေကနေ ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြဖို့ တပ်မတော်က အမိန့်ပေးထားတာပါ။ တနိုင်းမြို့က ဧဝံဂေလိအသင်းတော် ဘုရားရှိခိုးကျောင်းကို မနေ့ညပိုင်းက ရောက်ရှိလာတဲ့ နမ်ခမ်ရွာ လီဆူကုန်းရပ်ကွက်က
ဦးဝေါ်လေးကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။