ဆက်သွယ်ရေးဥပဒေပြင်ဆင်မယ့်မူကြမ်း
2017.07.12
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို မနေ့က အမျိုးသား လွှတ်တော် အစည်းအဝေး အပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားပြီး အဲဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကြားနာပွဲတွေ ပြုလုပ်သွား မယ်လို့ သိရပါတယ်။
အများဝေဖန်နေကြတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ထားတဲ့ အချက်ပါဝင်တဲ့ မူကြမ်းအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုဝင်းနောင်တိုး က ပေးပို့ပြီး မဝေယံမိုးမြင့် က တင်ပြထားပါတယ်။