ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် နောက်ထပ်နှစ်ဦးကို အင်းစိန်ထောင်ပို့
2019.05.17
တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲတာခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုငြိမ်းချမ်းစိုး(ခ)ချစ်ယုံတို့ကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားတာကို အာမခံမပေးဘဲ ချုပ်မိန့်နဲ့ အင်းစိန်အကျဉ်းထောင်ကို ဒီနေ့ ပို့လိုက်ပြီ ဖြစ်ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။