ဝန်ကြီးစာရင်းပါ ဦးသန့်စင်မောင်နဲ့ တွေ့ဆုံမေးမြန်းချက်
2016.03.23
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ အစိုးရအဖွဲ့ဝန်ကြီး ၁၈ ဦး အမည်စာရင်းမှာ NLD ပါတီရဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်မောင်လည်း ပါဝင်ပါတယ်။ ဦးသန့်စင်မောင်ဟာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဦးသန့်စင်မောင်ဟာ ရန်ကုန်တက္ကသိုလ်နဲ့ ပုသိမ်ကောလိပ်တို့မှာ နည်းပြဆရာအဖြစ် ခြောက်နှစ်နဲ့၊ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနမှာ လက်ထောက်မန်နေဂျာရာထူးကစပြီး အထွေထွေမန်နေဂျာအဆင့်အထိ နှစ် ၃ဝ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးသန့်စင်မောင်ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။