သရက်မြို့ ပဋိပက္ခကြောင့် ဒေသခံ ၂ ဦး ဆေးရုံတင်ထားရ


2019.02.02

 

မကွေးတိုင်း ဒေသကြီး သရက်မြို့မှာ မနေ့ညနေက ဒေသခံတွေအချင်းချင်း ပြဿနာဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သရက်ခရိုင် ဆေးရုံကို တင်ပို့ကုသနေရပါတယ်။

လက်ရှိအချိန်မှာတော့ သရက်မြို့လုံခြုံရေးဟာ အေးအေးချမ်းချမ်းရှိနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

သရက်မြို့ရဲ့ လက်ရှိအခြေအနေကို သရက်မြို့မှာ သွားရောက်သတင်းယူနေတဲ့ RFA သတင်းထောက် ကိုထက်အာကာက တင်ပြထားပါတယ်။

ရိုက်ကူး - ကျော်ဇောဝင်း၊ ထက်အာကာ/RFA

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။