ကုမ္ပဏီနဲ့ သီလဝါလယ်သမားတွေရဲ့ပဋိပက္ခ
2017.01.20
ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဆိပ်ကမ်းဧရိယာ အတွင်းမှာရှိတဲ့ လယ်မြေ ဧက ၁၅ဝ ကျော်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် လက်အောက်ခံ လန်းပီ ကုမ္ပဏီလီမီတက်က ဒီနေ့မနက်ပိုင်းမှာ ခြံစည်းရိုးလာခတ်တဲ့အတွက် ဒေသခံ လယ်သမားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလယ်ယာမြေမှာ လက်ရှိ လုပ်ကိုင်နေတဲ့ သီလဝါရွာဟောင်းက လယ်သမားဦးခင်စိုးကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။