ကရင်ပြည်နယ်မဲဆန္ဒရှင်နှစ်သောင်းကျော်စာရင်းမပါ


2015.09.19

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်က ကျေးရွာ ၃၀ ကျော်မှာ မဲစာရင်းမကပ်တဲ့အတွက် ဒေသခံ ၂ သောင်းကျော် မဲပေးခွင့်ဆုံးရှုံးနေတာမို့ မဲပေးခွင့်ရှိသူ စာရင်းကို ထုတ်ပြန်ပေးဖို့ ဒေသခံတွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီကနေ့မှာ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။ ဒီလိုစာပေးပို့ရာမှာ ပါဝင်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မျှင်ဝါးကုန်း ကျေးရွာသား ဦးနိုင်ဝင်းရွှေကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း တွေ့ဆုံ မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။