တကသကျောင်းသားခေါင်းဆောင် ၂ ဦး ရုံးချိန်း


2015.09.09

တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူ တို့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ စက်တင်ဘာလ ၈ ရက်နေ့က ရုံးထုတ်ပါတယ်။ ကိုဇေယျာလွင်ကို လာမယ့် ၁၇ ရက်နေ့ အဝေးသင်စာမေးပွဲဖြေဆိုခွင့် တရားရုံးက ခွင့်ပြုလိုက်ပေမယ့် ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်လိုအပ်သေးတယ်လို့ သိရပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။