SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း
2014.11.06
UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ရဲ့ ညီလာခံကို ဒီလအတွင်း ကျင်းပသွားမယ်လို့ ဒီနေ့ UNA အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီ ညီလာခံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ပူးပေါင်းဆောင်ရွက်သွားမယ့်နည်းလမ်းတေွကို အဖြေရှာ သွားမယ်လို့လည်း သိရပါတယ်။
UNA ဟာ ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲကာလက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသားပါတီ ၇ ပါတီနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက ဒီနေ့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကို တွေ့ဆုံမေးမြန်းထားပါတယ်။