USDP ပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး - လယ်ဝေးမြို့အလှူ
2015.10.13
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စတုဒီသာကျွေးမွေးပွဲ ပြုလုပ်ခဲ့ရာမှာ ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ သတင်းထောက်တွေက မကြာသေးခင် ရက်ပိုင်းအတွင်း ဦးဌေးဦးပြောခဲ့တဲ့ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်တဲ့ကိစ္စအပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သမ္မတလောင်းကိစ္စတွေကို မေးမြန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။