ဒုတိယသမ္မတလောင်းလေးဦး
2016.03.10
အစိုးရသစ်ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ၂ ဦးကို ရွေးချယ်နိုင်ဖို့အတွက် ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် အစုအဖွဲ့တွေက ဒီနေ့ အဆိုပြု တင်သွင်းခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ NLD ပါတီက ဦးထင်ကျော်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းတို့ကို အဆိုပြုခဲ့ပြီး အမျိုးသားလွှတ်တော်မှာ NLD ပါတီက ဦးဟင်နရီဗန်ထီးယူနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးခင်အောင်မြင့်တို့ကို အဆိုပြုခဲ့ကြတာပါ။ အဆိုပြုခံရသူ ၄ ဦးရဲ့ ကိုယ်ရေးအကျဉ်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။