သမ္မတဦးထင်ကျော်ရဲ့ တနှစ်ခွဲသက်တမ်း


2017.07.10

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတော်သမ္မတအဖြစ် တင်မြောက်ခဲ့တဲ့ ဦးထင်ကျော်ဟာ သမ္မတတာဝန် ထမ်းဆောင်လာတာ တနှစ်ခွဲနီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီကာလအတွင်း သမ္မတဦးထင်ကျော်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အများအမြင်မှာ ချပြတာ သိပ်မတွေ့ရတဲ့အပေါ် အားမရသူတွေ ရှိနေသလို၊ နိုင်ငံတော်သမ္မတနဲ့ ပြည်သူတွေအကြား ထိတွေ့ဆက်ဆံမှု ပိုရှိသင့်တယ်လို့ လည်း နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်သူတွေက ဝေဖန်နေကြပါတယ်။

နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်သူတချို့ရဲ့ သုံးသပ်ချက်အမြင်တွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။